မင်္ဂလာပါ

ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ..ရွှေမန်းသား

Wednesday, June 26, 2013

Speturm Phone Firmware တင်နည်း



ဒီနည်းလေးကတော့ နာမည်မရှိတဲ့ တရုတ် Brand တွေကို Speturm Phones တွေကို Firmware

 ပြန်တင်တဲ့နည်းလေးပါဗျာ...

Speturm Phone ဟုတ်မဟုတ်ကြည့်နည်းလေးပြောပါမယ်ဗျာ...

အရင်ဆုံး ဖုန်းကို Battery ဖြုတ်လိုက်ပါဗျာ...

ပြီးရင် ၅ စက္ကန့်လောက်ထားလိုက်ပါဗျာ...

ပြီးရင် Volume Up (+) + Power ကို တွဲနှိပ်လိုက်ပါဗျာ...

အဲ့ဟာဆိုရင် Factory Test Mode ဆိုပြီးတော့ ရောက်သွားပါလိမ့်မယ်ဗျာ...

Recovery နဲ့တော့ ဆင်ပါတယ် ဒါပေမယ့် Recovery လိုမျိုး 

Factory Reset တို့ Wipe Data တို့တော့ လုပ်လို့ မရပါဘူးဗျာ...

အဲ့လိုဟာဆိုရင်တော့ Speturm Phone ပါဗျာ...

အဲ့ဒါဆိုရင် လှုပ်ရှားလို့ရပါပြီနော် :D


အရင်ဆုံး အောက်ကဟာလေးတွေကို ဒေါင်းလိုက်ပါဗျာ...

ResearchDownload (Firmware တင်မယ့် Tool လေးပါ)


SC6820_Wipe_userdata (Firmware တင်ရမယ့် pac file လေးပါ)


SC8810_Wipe_userdata (Firmware တင်ရမယ့် pac file လေးပါပဲ)


ဒေါင်းထားတဲ့ Zip ဖိုင်လေးကိုဖြည်လိုက်ပါဗျာ



ဖြည်လိုက်တဲ့ Zip ဖိုင်ထဲကမှ ResearchDownload_R2.9.7002 ဆိုတဲ့
ဖိုင်လေးထဲကို သွားပါ



 Bin ဖိုင်လေးထဲကို ထပ်ဝင်လိုက်ပါ။အဲထဲကမှ ResearchDownload.exe

 ဆိုတာလေးကို Run လိုက်ပါ။


ResearchDownload_R2.9.7002 လေးနဲ့ ဘောက်တစ်ခုပေါ်လာပါလိမ့်မယ်။
အဲဒီထဲကမှ Load Packet ဆိုတာလေးကိုရွေးလိုက်ပါ၊( Load Packet ပေါ်အောင် စက်သွားလေးကို မောက်လေးနဲ့ ထောက်လိုက်ပါ)

Open ဆိုတဲ့ဘောက်လေးတစ်ခုပေါ်လာပါ့မယ်။အဲဒီ Open ဘောက်လေးထဲမှာ Look in မှာ ခုနက ဒေါင်းလိုက်တဲ့ Zip ဖိုင်ထဲကမှ တစ်ခုကို ရွေးပေးလိုက်ပါ Zip File ကိုဖြည်ပြီး pac file လေးကို ရွေးပေးလိုက်ပါ

ရွေးပြီးသွားရင်တော့ Play ပုံလေးကို နှိပ်လိုက်ပါ။

ဖုန်းအလှည့်ရောက်ပါပြီဗျာ

၁။ ဖုန်းကို Battery ဖြုတ်လိုက်ပြီး ၅ စက္ကန့်လောက်ထားလိုက်ပါ။

၂။ ပြီးရင် Battery ကို ပြန်တတ်လိုက်ပြီး Volume Down (-) ကို ဖိပြီး ကြိုးထိုးလိုက်ပါဗျာ..

အောက်ကလိုမျိုးပြေးနေပါမယ်ဗျာ...

ဒီလို အများကြီး မပေါ်လည်းရပါတယ်။



ပြီးသွားရင်တော့ Passed ဆိုပြီး အဲ့လို အစိမ်းရောင်လေး နဲ့ပေါ်နေပါမယ်ဗျာ...

ပြီးရင်တော့ ဖုန်းက Restart ကျသွားပါမယ်

ပြီးရင်ပြန်တက်လာပါမယ်ဗျာ...

မရရင်တော့ နောက်တစ်ခုနဲ့ ထပ်တင်ကြည့်ပါဗျာ...

တစ်ချို့စက်တွေမှာတော့ မရတတ်ပါဘူးဗျာ...

Credit to All Developers


Kyaw Min Khant

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ပြောချင်တာလေးများရှိရင် ပြောထားခဲ့ပါ

ရွှေမန်းသား လေးစီ G-mail ကနေစာပို့ မယ်

foxyform