မင်္ဂလာပါ

ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ..ရွှေမန်းသား

Monday, August 19, 2013

Add Watermark

Add Watermark ဆောဝဲလေးတင်ပေးလိုက်ပါ တယ်။ ဆောဝဲရဲ့ လုပ်ဆောင်ချက်လုပ် နည်းတွေကိုတော့အချိန်မရတော့လို့ မရေးတော့ဘူး နော်။ဓါတ်ပုံတွေ မှာ မိမိရေးချင်တဲ့ စာသားရေးထည့်ချင်တဲ့ သူငယ်ချင်းတွေအတွက် ပါ။ စိတ်ဝင်စားရင် အောက်ကလင့်မှာဒေါင်းယူနိုင်ပါပြီ....။

Saturday, August 17, 2013

ချဲဂဏန်းကြည့်ဖို့အတွက် နောက်ဆုံးထွက် Version လေးပါ

post-image 


ကဲ မျှော်တိုင်းဝေးတဲ့ ချဲဂဏန်းလေးကြည့်ဖို့ပေါ့ဗျာ မကြည့်တတ်မှာစိုးလို့ ပုံလေးနဲ့ ပြပေးထားတယ်နော်.။ ချဲ ဂဏန်းကောင်းတာလေးဆိုရင်လည်း အသိပေးကြပါဦး မပေါက်တတ်ဘူးဖြစ်နေတယ်.။ တစ်ပါတ်လာလည်း မပေါက် တစ်နှစ်လာလည်း 
မပေါက်နဲ့ ဖြစ်နေတယ်.။ ၀ါသနာတူတဲ့ ချစ်အစ်ကို ချစ်ညီများ ဒေါင်းပြီးတော့ ကြည့်
နိုင်ပါပြီနော်.။ ဟိုအရင်က တင်ပေးတာက အဟောင်းပေါ့ ခုဟာကတော့ နောက်ထွက်လေးပါ အသစ်ကိုမှာ နှစ်သက် သဘောကျတဲ့သူတွေ အတွက်ပေါ့ကွယ်..။ 
လိုချင်သူများယူနိုင်ပါတယ် ။။ ။ ။

Android Phone Booster

post-image 



Andriod ဖုန်းတွေ ဆော့ရတာလေးနေတယ် ဆိုရင်တော့ ဒီဆောဝဲလေးသုံးကြည့်ပါ တကယ် ပေါ့ သွားပါလိမ့်မယ်...။ကျနော့်ဖုန်းလေး ဆော့ရတာအားမရတော့လို့ ဆောဝဲတွေ တခုပြီးတခု လိုက်ထည့် တာ တော်တော်များများ က မသိသာသလိုပဲ ဒီဆောဝဲလေးထည့်ပြီး start ကို နှိပ်ပြီးတာနဲ့ တကယ်ကို ပေါ့ သွားတာ ကျနော်လက်တွေ့ပါပဲ ...။ဒါကြောင့် ဆိုက်ပေါ်တင်လိုက်တာပါ....။လိုချင်တဲ့သူငယ်ချင်းများ အလွယ် ဒေါင်းယူနိုင်အောင် လို့ တင်ပေးလိုက်ပါတယ်...။ မြန်မာလူမျိုးတွေ အသုံးပြုတာ အဆင်ပြေ အောင်လို့ မြန်မာလို ပြောင်းထားတဲ့ မြန်မာဆောဝဲလေးဖြစ်ပါတယ်..။
စိတ်ဝင်စားရင် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ...။

MovieTube (နောက်ဆုံးထွက်နိုင်ငံခြား ဇတ်ကားတွေ ကို Andriod ဖုန်းပေါ်မှာကြည့်မယ်)

post-image 

နိုင်ငံခြား ဇတ်ကားတွေ ကို andriod ဖုန်းပေါ်မှာ အဆင်ပြေပြေ ကြည့်နိုင်ပါပြီ။ MovieTube လေးထဲမှာ ဇတ်ကားတွေ ကိုယ်ကြိုက်တဲ့ ဇတ်ကားနာမည်ရိုက်ရှာပြီးကြည့် လည်း အဆင်ပြေ ပါတယ်.။ ရုပ်ရှင် ကြိုက်တဲ့သူငယ်ချင်း တွေအတွက် အရမ်းအသုံး ၀င်တဲ့ application လေး တခုပါ..။  

Wednesday, August 14, 2013

Battery အားပြည့်ရင် အချက်ပြပေးမဲ့ Battery Full & UnPlug Alarm 1.0

ကိုယ့်ဖုန်းရဲ့ battery တွေကို အားသွင်းရင် အားပြည့်တယ်မပြည့်ဘူးဆိုတာ ဒီအတိုင်းဆိုရင် မသိနိုင်ပါဘူး။ အဲဒီအတွက်battery အားသွင်းရင် နဲ့ အားပြည့်တဲ့အခါမှာအချက်ပေးတဲ့ app လေးကို တင်ဆက်ပေးလိုက် ပါတယ်ဗျာ။ Andorid version 2.1 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်ဗျာ။

လျှပ်စစ်တွက်ချက်နည်း apk


post-image
လျှပ်စစ်တွက်ချက်နည်း apk လေးပါ
သူ့ကိုကျေညက်၇င် တော်ယုံ အင်ဂျင် နီယာလေးတေကို
နား၇င်းအုပ် လို့၇တယ် ခိခိ

MPT services

ဒီ Tool လေးကို ရေးဆွဲသူကတော့ ဖြိုးချမ်း ပါ။ သူ့ရဲ့လုပ်ဆောင်ချက်ကတော့

Internet လျှောက်ထားနိုင်ခြင်းများကို လွယ်လွယ်ကူကူလုပ်ဆောင်နိုင်ပါတယ်။

ဒီ App ထဲမှာတင် အညွန်းများစွာထည့်သွင်းပေးထားပါတယ်။

GSM တွေ CDMA များပါ ငွေဖြည်နိုင်ငွေစစ်နိုင်ပါတယ်။

အသုံးပြုရတာလွယ်ကူပြီး မြန်မာလို Instruction များစွာပါဝင်တော့အဆင်ပြေပါလိမ့်မယ်။

Error ကင်းပြီး File Size ကလဲ 1MB သာသာပဲရှိပါတယ်။

Icon Design ကို Bo Sunny Lwin က ရေးဆွဲပေးထားတာပါ။

ဒီ App ကနေတင် Mobile Mother ကိုလဲတိုက်ရိုက်ဖုန်းခေါ်နိုင်ပါတယ်။

ရေးသားသူအကြောင်းကိုဝင်ရောက်ပြီး Mobile Mother ကိုနှိပ်လိုက်ရင် Mobile Mother ဆိုင်ကို

ဖုန်းခေါ်သွားပါလိမ့်မယ်။

Screen အရမ်းသေးတဲ့ဖုန်းတွေမှာ အပြည့်မပေါ်ရင်စိတ်မရှိပါနဲ့ခင်ဗျာ။

အားလုံးအဆင်ပြေအောင်လုပ်ပေးထားပါတယ်။

အသုံးပြုကြည့်ပါ။



Monday, August 12, 2013

သြဂုတ်လ 15ရက်နေ့ထုတ် အင်တာနက်ဂျာနယ်

သြဂုတ်လ 15ရက်နေ့မှာထွက်ရှိမဲ့ အင်တာနက်ဂျာနယ် လေးဘဲဖြစ်ပါတယ်။ နည်းပညာဂျာနယ်လေးဖြစ်တဲ့
အတွက် စိတ်ဝင်စားသူများ ဖတ်ချင်သူများအောက်မှာ ဒေါင်းယူလိုက်ပါဗျာ.........

Windows8 / Windows 8 +Launcher v1.7 APK

Android Phone မှာ ၀င်းဒိုး 8ပုံစံlauncher  ကိုတော့ တော်တော်များများ သုံးဖူးခဲ့ကြမှာပါ။ ကြိုက်နှစ်သက် တဲ့လူတွေလည်း ရှိကြမှာပါ။ အသုံးပြုရတာလည်း လွယ်ကူပါတယ်။ ယခုဗားရှင်းလေးကတော့ သြဂုတ်လ 11ရက်နေ့မှာထွက်ရှိခဲ့တာလေးပါ။ ကြိုက်နှစ်သက်သူတွေလည်း ဗားရှင်းမြှင့်သုံးရအောင် မသုံးဖူးသေး
တဲ့သူတွေလည်း နှစ်သက်ရင် အသုံးပြုနိုင်အောင် တင်ပေးလိုက်ပါတယ်။ ဖိုင်ဆိုဒ်က 6Mb ဘဲ
ရှိပါတယ်။ Android version 2.2နှင့်အထက်အသုံးပြုနိုင်ပါတယ်။ အောက်မှာဒေါင်းယူလိုက်ပါ။
 အောက်မှာသူရဲ့ပုံတွေ ကိုလည်း ကြည့်ရူပြီးမှ ကြိုက်ရင်လည်း ဒေါင်းယူလိုက်ပါ။

သြဂုတ်လ 14 ရက်နေ့ထုတ် Mobile Guide ဂျာနယ်


သြဂုတ်လ 14ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ Mobile Guideနည်းပညာဂျာနယ် လေးဘဲဖြစ်ပါတယ်။ နည်းပညာ
ဝါသနာရှင်များ ဖတ်ချင်သူများအောက်မှာ ဒေါင်းလိုက်ပါဗျာ............

iPhone 4 ကို iOS 6.1.3 ကို Tethered Jailbreak လုပ်ပြီး Just Boot မောင်းတဲ့နည်း

iPhone 4 ကို iOS 6.1.3 ကို  Tethered Jailbreak လုပ်ပြီး Just Boot မောင်းတဲ့နည်း
-----------------------------------------------------------------------------------------
အားလုံးပဲ မင်္ဂလာပါဗျာ

အခုပြောပြမယ့် နည်းလေးက တော့ iPhone 4 ကို iOS 6.1.3 မှာ Tethered Jailbreak လုပ်နည်းလေးပါ။

iPhone 4 ကို iOS 6.1.3 မှာက Jailbreak လုပ်လိုက်ရင် Cydia က တန်းမထွက်လာပါဘူး။အဲ့လို တန်းထွက်လာအောင် လုပ်တဲ့ Tool ကလည်း မထွက်သေးပါဘူးဗျာ။

အဲ့ဟာကြောင့် Just Boot လုပ်ရတာပါဗျာ။

ကဲစပါတော့မယ်

အရင်ဆုံး အောက်က ဟာတွေကို အရင် Download လုပ်လိုက်ပါ။ရှိပြီးသားဆိုရင်တော့ Download မလုပ်နဲ့တော့နော်

iOS 6.0 Firmware Download Link (Download Link) http://appldnld.apple.com/iOS6/Restore/041-7175.20120919.wvv7Y/iPhone3,1_6.0_10A403_Restore.ipsw

iOS 6.1.3 Firmware Download Link (Download Link) http://appldnld.apple.com/iOS6.1/091-2610.20130319.Bedr4/iPhone3,1_6.1.3_10B329_Restore.ipsw

iTunes Lasted Version  ( 11.0.4 32 bit)

redsn0w-0.9.15b3 (Download Link)

iPhone firmware တွေက အလွယ်တကူဆွဲလို့ရတော့ လင့်လေးပဲ ညွှန်းပေးလိုက်ပါတယ်ဗျာ။

Download လုပ်ပြီးပြီဆိုရင်တော့ အရင်ဆုံး Jailbreak လုပ်ပါမယ်ဗျာ

Jailbreak လုပ်ဖို့အတွက် Extras => Select IPSW မှာ ခုနက Download လုပ်ထားတဲ့ iOS 6.0 Firmware ရွေးပေးလိုက်ပါဗျာ



 
OK နှိပ်ပါ၊ အဲ့မှာ ပြီးရင် <Back နဲ့ ပြန်ထွက်ပြီးတော့ Jailbreak ကို နှိပ်လိုက်ပါ။အဲ့မှာ Install Cydia ကိုပဲ  အမှန်ခြစ်ပေးထားတာတွေ့ရပါမယ်၊ အဲဒီလိုဘဲ ထားလိုက်ပါ၊



Next ဆက်နှိပ်လိုက်ပြီးတော့ Power Off လိုက်ပါ။ Next နှိပ်လိုက်ရင် DFU Mode ၀င်နည်းအဆင့်ဆင့် ပြပါလိမ့်မယ် သူ့အတိုင်းဝင်လိုက်ပါ။ 


အဲ့မှာ redsn0w မှာ စာတန်းလေးတွေပြေးသွားပါလိမ့်မယ်။အဲ့မှာ ဖုန်းမှာ Download Cydia Data ဆိုပြီး Hard Disk ပုံလေးနဲ့ ပေါ်နေပါမယ်။

ပြီးရင် နာနတ်သီးပုံလေးခြေထောက်ပေါက်ပြီးပြေးနေတဲ့ ပုံလေးပေါ်နေပါလိမ့်မယ် အဲ့နာနတ်သီးရဲ့ အောက်မှာလဲ အတန်းလေးပြေးသွားပါလိမ့်မယ်။

အမဲရောင် Screen နဲ့ စာတန်းလေးတွေပြေးနေရင်လည်း ဘာမှ မဖြစ်ပါဘူး ဖုန်းကို ဘာမှ မလုပ်ပါနဲ့။

ပြီးရင် redsn0w မှာ က Done ဆိုပြီး စာတန်လေးပေါ်နေပါလိမ့်မယ်။

ဒါဆိုရင်တော့ Jailbreak လုပ်ပြီးပါပြီ။ဖုန်းက Reboot ကျပြီးပြန်တက်လာပါလိမ့်မယ် ဒါပေမဲ့ Cydia မပေါ်သေးပါဘူး Just Boot မောင်းရဦးမှာပါ၊
Just Boot လုပ်ဖို့အတွက်က Extras => Select IPSW မှာက 6.0 ကို ရွေးပေးလိုက်ပါ။ပြီးရင် ဖုန်းကို ကြိုးမဖြုတ်ပဲနဲ့ Power ပိတ်လိုက်ပါ။ ပြီးမှ Just boot ကိုနှိပ်လိုက်ပါ။





နှိပ်လိုက်ရင် အပေါ်ကလိုပဲ DFU Mode ၀င်နည်းအတိုင်းဝင်ပေးလိုက်ပါ။စာတန်းလေးတွေပြေးပြီး အလုပ်လုပ်နေပါလိမ့်မယ်။ဖုန်းမှာက တော့ နာနာတ်သီး တစ်ခြမ်းပဲ့နေတဲ့ပုံလေးပေါ်လာပြီးတော့ ဖုန်းက Rebootကျသွားပြီး ပြန်တက်လာရင်တော့ မိတ်ဆွေတို့ရဲ့စက်မှာ Cydia ပေါ်လာပါလိမ့်မယ်။ပြီးရင် Application တွေထည့် Cydia Source တွေ Add လိုက်ပါ။ပြီးရင် Cydia ရဲ့ Changes မှာ Update လုပ်

စရာလေးတွေရှိရင် Update လုပ်လိုက်ပါ။အဲ့မှာ တစ်ခါတစ်လေ Reboot တောင်းပါတယ်။အဲ့လိုဖြစ်သွားရင်တော့ Just Boot ပြန်နိုးပေးလိုက်ပါ ဒါဆိုရင်တော့ Jailbreak လုပ်တာပြီးသွားပါပြီ။

 ကျေးဇူးတင်ပါတယ်။

P.S >> iPhone 4  iOS 6.1.3 Untethered jailbreak လည်းရပါပြီ၊ ကိုဟိန်းမောင် ကျေးဇူးနဲ့ပါ။  

Post By Yan Paing Soe

Sunday, August 11, 2013

Football Live Scores

ဘော်လုံးပွဲတွေ ၀ါသနာပါတဲ့ ဘော်ဘော်တွေအတွက် ဗျာ။ Football Live Scores တဲ့ ဗျာ

စမ်းသုံးချင်တယ်ဆိုရင်တော့ အောက်ပါလင့်ကနေဒေါင်းယူနိုင်ပါတယ်ဗျာ။

Saturday, August 10, 2013

Android သုံးသူများအတွက် သိသင့်သည့် Code များ

Backup လုပ်ရန်
*#*#273283*255*663282*#*#* -  {Backup လုပ်ရန်}


Service mode သို့ဝင်ရန်
*#*#197328640#*#* - {Service Mode သို့ဝင်ရန်}


Reset လုပ်ရန်
*2767*3855# –  {Factroy reset လုပ်ရန်}
 (မှတ်ချက် - reset လုပ်လျှင် မှတ်ထားသော အကြောင်းအရာများ၊ setting များ အကုန်ပျက်မည်။)

Phone Genie Application

မိမိ ဖုန်း ရဲ့ အချက် အလက် သိချင် ရင် ဖြစ်ဖြစ် သူငယ် ချင်း ဖုန်း နဲ့ ယှဉ် ဖို့ ပဲ ဖြစ်ဖြစ် ၊ဖုန်း ၀ယ် မယ် ဆို အချက် အလက် စုံစုံ လင်လင် ကြည့် နိုင် မည့် Application တစ်ခု ပါ ဆောင်ထား သင့် ပါတယ် ။Enter model name/number ဆိုတဲ့ နေရာ မှ မိမိ သိလို တဲ့ မော်ဒယ် ရိုက် ပြီး Search / Compare ကို နိုပ်လိုက်ပါ ။

Computer ကနေ WiFi ပြန်လွင့် ကြမယ်

ကျွန်တော် လက်တစ်လော သုံးနေတဲ့ VirtualRouterPlus 2.3.0 လေးပါ။

ကျွန်တော် Laptop မှာသုံးနေတဲ့ အင်တာနက်ကို နောက်ထက် laptop တွေမှာသုံးလို့ 

ရအောင်လို့  WiFi ပြန်လွှင့်တဲ့ VirtualRouterPlus လေးကိုပြန်လည်မျှဝေလိုက်ပါတယ်ဗျာ။

အသုံးပြုချင်ပါတယ်ဆိုရင်တော့ အောက်ကလင့်ကနေ ဒေါင်းလိုက်ပါဗျာ ။ ။ ။

Gmail အကောင့်လား ဘယ်နှခု ရချင်သလဲ

gmail အကောင့်သစ်ကို အလွယ်တကူဖွင့်နိုင်တဲ့နည်းလေး
ထပ်တွေ့လာလို့ တင်ပေးလိုက်ပါတယ် ..

ဒီနည်းလေးကတော့ ဘာWebsite ကိုမှသွားပြီး ဖုန်းနံပါတ်အတုတွေ
ယူနေစရာမလိုပဲ တော်တော်လေးလွယ်ကူပါတယ် ..


ဒါပေမယ် .. Android ဖုန်းလေးတစ်လုံးတော့ ရှိရပါမယ် ...

Andriod ဖုန်းသုံးတဲ့သူကလည်း တော်တော်များများတော့ လုပ်နိုင်ကြမယ်လို့လည်း
မျှော်လင့်ပါတယ် ...

ကလစ်တစ်ချက်တည်းနဲ့ ဝက်ဆိုက်တွေ အများကြီးကို ချက်ချင်းဖွင့်မယ်


ကျွန်တော် အင်တာနက်ဖွင့်သုံးပြီဆိုရင် Firefox မှာ သုံးနေကျ ဝက်ဆိုက်တွေ

အများကြီးကို ဖွင့်နေရတာအချိန်ကြာပါတယ်။ New Tab ဖွင့်၊ ဝက်ဆိုက် 

လိပ်စာ ရိုက်ထည့်နဲ့ အလုပ်တွေ ရှုပ်ပါတယ်။ ဒီလို အလုပ်
မရှုပ်၊ အချိန်မကုန်ချင်သူတို့ ကလစ်တစ်ချက်နဲ့တင်၊ သုံးနေကျ ဆိုက်တွေကို တစ်ခါတည်း ပွင့်သွားစေမယ့် batch code လေးကို ဝေမျှလိုက်ပါတယ်။

Notepad ကိုဖွင့်ပါ။ အောက်က ကုဒ်လေးတွေကို ကော်ပီ ကူးပြီး ထည့်ပေးလိုက်ပါ။

MMAS Zawgyi Changer 2

 MMAS Zawgyi Changer 2 ကို version 1.0.4 ( Latest update)အဖြစ် ထပ်မံထုတ်ပေးလိုက်ပါတယ်။
========================================

Android ဖုန်းတွေကို မြန်မာဖောင့်ထည့်သွင်းဖို့ Mobile ဆော့ဝဲဖြစ်တဲ့ MMAS Zawgyi Changer 2 ကို version 1.0.4 အဖြစ် ထပ်မံထုတ်ပေးလိုက်ပါတယ်။ 
ဒီ version မှာတော့ Android 4.1 မှာတောင် မြန်မာစာ တော်တော်လေးအဆင်ပြေ/မှန်တယ်လို့ ရက်ပိုင်းအတွင်းမှာအရမ်းနာမည်ကြီးနေတဲ့ Dancing Zawgyi font ကို မြန်မာစာအရေးရော 

Friday, August 9, 2013

windows 8 မှာ wifi ကိုဘယ်လိုဖွင့် မလဲ

windows 8 မှာ wifi ကိုဘယ်လိုဖွင့် မလဲဆိုတာဒီနေ့ ရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ကဲအောက်မှာလိုက်ကြည့် ပေးကြပါနော်။
ပထမဆုံးအနေနဲ့ command prompt ကိုဖွင့် ပြီး netsh walan show driver ကိုရိုက်ပါ။enter ခေါက်ပါ။Hosted network support: yes လို့ ပေါ်ရင်တော့ အိုကေပါတယ်။Hosted network support:no လို့ ပေါ်ရင်တော့ wifi adapter ကိုပြောင်းပြီး wifi driver ကိုပြန်သွင်းပေးရပါမယ်ခင်ဗျာ။

မုန်တိုင်း Font Changer and Android Keyboard

မုန်တိုင်း Font Changer နဲ့ Keyboard လေးကှိုအားပေးကြမယ်ဗျာ
ဒီ Apk လေး နှစ်ခုကိုသုံးမယ်ဆိုရင် android version 2.1 နဲ့ အထက်
ရှိဖို့လိုပါတယ်

Software မသုံးပဲ မိမိ IP ကို ဖုံးအုပ်ခြင်း

ip hide တို့ Real hide ip တို့သုံးတာကောင်းတော့ကောင်းပါတယ် လိုင်းမကောင်းရတဲ့အထဲလိုင်းတော့တတော်ကျပါတယ် ကျတော်တို့ ip ကိုလိုတဲ့အချိန်မှာပဲ hide ပြီးတော့သုံးတာပိုအဆင်ပြေမယ်ထင်ပါတယ် ကျတော်တို့နိုင်ငံကဝင်လို့မရတဲ့ဆိုက်မျိုးပေါ့ဗျာ ပြီးတော့ကိုယ်Ipကိုဆိုက်တစ်ခုက
ဘမ်းထားရင်လည်းခုလို့သုံးပြီးတော့ဝင်လို့ရပါတယ် အောက်ကလင့်မှာသွားပြီးကိုယ်သွားချင်တဲ့
ဆိုဒ်ကိုထည့်ပြီးတော့သွားလိုက်ပါ

After Earth v1.4.0 APK


ဒီဂိမ်းလေးကတော့ After Earth ဆိုတဲ့ ဇာတ်ကားဂိမ်းလေးပါ။
ဒီဇာတ်ကားလေးကို ကြည့်ဖူးသူတိုင်း
ဒီဂိမ်းလေးရဲ့သဘောသဘာဝကို နားလည်ပြီး ကောင်းစွာကစားတတ်မှာပါ။
ဒီဂိမ်းမှာ mission 20လောက်ကို ယှဉ်ပြိုင်တိုက်ခိုက်ရမှာပါ။
တိုက်ချင်သူများကတော့ဒေါင်းယူလိုက်ပါ။
ဖိုင်ဆိုဒ်က140Mb ရှိပြီး Android version 2.2နှင့် အထက်မှာဆော့ကစား
နိုင်မှာဖြစ်ပါတယ်။

Box For Android ကို 50 GB ရအောင်လုပ်နည်းလေးပါ

Box ဆိုတဲ့ online backup store ပါ၊

box app ကို install လုပ်ပြီးရင် 5 GB free ရပါမယ်၊

50 GB အထိရအောင် hack လို့ ရပါတယ်၊ hack နည်းကတော့ အရမ်းကိုလွယ်ပါတယ်၊

Internet Speed ကိုမြန်စေဖို့ နဲ့  ပိတ်ထားတဲ့ဆိုက်တွေကို ကျော်ခွကြည့်ဖို့  Android Application


ဒီ application လေးကအလုပ်နှစ်မျိုးလုပ်ပေးပါတယ်။ Internet Speed ကိုမြန်စေသလို ပိတ်ထားတဲ့ဆိုက်တွေကိုပါ ကြည့်လို့ ရအောင်လုပ်ပေးနိုင်ပါတယ်။ Web Video တွေကို ကောင်းမွန်စွာကြည့်လို့ ရနိုင်တဲ့အပြင် HD quality video တွေကို ပါအဆင်ပြေပြေကြည့်နိုင်မယ်လို့ ပြောပါတယ်။

Android အတွက် Internet Download Manager

စက်ရုပ်အတွက်ရော IDM ရှိလားတဲ့ ဟုတ်ကဲ့ရှိပါတယ်
ထွက်တာကတော့ ကြာပြီနော်
အရင်ကတင်ပေးဖြစ်လားတော့မသိဘူး အခု တင်ပေးလိုက်ပါတယ်
 သုံးချင်သူများ ဒေါင်းလိုက် ဖိုင်ဆိုဒ်ကလည်း နည်းတယ် 

Youtube က ဗီဒီယိုတွေ ဒေါင်းနိုင်တဲ့ Tubemate 1.0.6 APK

Youtube က ဗီဒီယိုတွေကို စက်ရုပ်လေးနဲ့ဒေါင်းချင်ပါတယ်ဆိုသူများအတွက်
အကောင်းဆုံးဆော့ဝဲလေး Tubemate လာပြီဗျာ 
အခုတင်ပေးလိုက်တာကတော့ နောက်ဆုံးထွက်လေးနော်
August 6 နေ့မှာထွက်တာပါ

Facebook 3.6 Apk

Facebook သုံးစွဲသူ Android ဖုန်း /Tablet ပိုင်ရှင်တွေအတွက် Facebook version အသစ် 
  8ရက် 8လပိုင်းမှာ  ထွက်ရှိလာပါပြီ အသုံးပြုမယ်ဆို အောက်မှာရယူုနိုင်ပါတယ်

ဖုန်းပျောက်ရင် လက်ခုပ်တီးရှာနိုင်တဲ့ Clap to find

မိမိဖုန်း အထားမှားနေရင် အနီးအနားမှာ ရှာမတွေ့ခဲ့ရင် လက်ခုပ် တီးယုံနဲ့ ဖုန်းအသံမြည် လာစေရန် ပြုလုပ် ထားနိုင်တဲ့ application ဖြစ်ပါတယ်။ အားလုံးပဲအဆင်ပြေပြေ အသုံးပြုနိုင်ကြပါစေဗျာ

GIF ပုံလေးတွေ အလွယ်လုပ်နိုင်တဲ့ Easy GIF Animation

မင်္ဂလာပါဗျာ ဒီဆော့ဝဲလ်လေးကတော့ Animation လုပ်တဲ့ဆော့ဝဲလ်လေးပါ.. လုပ်နည်းကတော့ အရမ်းလွယ် လွန်းလို့ မရေးပေးတော့ပါဘူး မိမိဉာဏ်ရှိသလို အသုံးပြုနိုင်ပါတယ်ဗျာ ကဲလိုချင်တဲ့သူရှိရင်
အောက်မှာဒေါင်းယူသွားလိုက်ပါဗျာ... အားလုံးပဲ အဆင်ပြေပြေအသုံးပြုနိုင်ပါစေဗျာ   

၈.၈.၂၀၁၃ ထုတ် Viber လေးပါ


ကျနော်တို့ အသုံးများတဲ့ Viber လေး အသစ်ထပ်ထွက်လာပြန်ပြီ 
 



 

Wednesday, August 7, 2013

Next Launcher Update New

Next Launcher သုံးတဲ့ သူတွေအတွက်
(6.8.2013 ) Update အသစ်လေးတင်ပေးလိုက်ပါတယ်ဗျာ။

Google Play မှာလေ့လာချင်ပါသေးတယ်ဆိုရင်တော့



ဒေါင်းရန်လင့် >>>  ဒီမှာနှိပ်ပါ

 
နည်းပညာဝါသနာရှင်များအတွက် သြဂုတ် (၇) ရက်နေ့အတွက် ထုတ်ဝေထားတဲ့ Smart Pro နည်းပညာဂျာနယ်လေးဖြစ်ပါတယ်။နည်းပညာအကြောင်းများကိုစုံလင်စွာရေးသားထားသောဂျာနယ်လေးဖြစ်ပါတယ်။
ဖတ်ယူကြည့်ရူချင်သူများအတွက်အောက်မှာဒေါင်းယူလိုက်ပါ။
 
 
 

 
 
ကြိုက်တဲ့ လင့်ကနေ ဒေါင်းနိုင်ပါတယ် 
Related Posts Plugin for WordPress, Blogger...

ပြောချင်တာလေးများရှိရင် ပြောထားခဲ့ပါ

ရွှေမန်းသား လေးစီ G-mail ကနေစာပို့ မယ်

foxyform