မင်္ဂလာပါ

ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ..ရွှေမန်းသား

Friday, June 14, 2013

ဘလော့ရဲ့ Header မှာ ပုံလေးတွေတင်တဲ့နည်းပါ

ဘလော့ရဲ့ Header မှာ ပုံလေးတွေတင်တဲ့နည်းပါ
ကိုယ်အသုံးပြုချင်တဲ့ ပုံ format (jpg .. gif) စသည်ဖြင့် အသုံးပြုနိုင်ပါတယ် ...

ပထမဆုံး ကိုယ့်ဘလော့ Header ရဲ့ အကျယ်အ၀န်းကိုသိဖို့ အရင်လုပ်ရပါမယ်

အဲဒီအတွက် အရင်ဆုံး Blogger မှာ Log In ၀င်ပါ
ပြီးရင် Template ကိုသွားပါ


အဲဒီကနေမှ Edit Template ရဲ့ ဘယ်ဖက်က Customize ကိုနှိပ်ပါ




ပွင့်လာတဲ့ထဲက အပေါ်တန်းထဲမှာရှိတဲ့ Adjust Width  ကိုနှိပ်ပါ
ပွင့်လာတဲ့အလယ်ခြမ်းထဲမှာ Whole Template ဒါမှမဟုတ် Entire Template ရဲ့ Width ဟာ
ကိုယ့်ဘလော့ Header ရဲ့ အကျယ်အ၀န်းပါပဲ ...



အမြင့်ကိုတော့ ကိုယ်နှစ်သက်သလို ဆုံးဖြတ်ပါ
အောက်မှာ ကျွန်တော့်ဘလော့ရဲ့ Header ကိုပြထားပါတယ် 930px ဖြစ်ပါတယ်
ဒါကြောင့် အရင်ဆုံး ကိုယ်လိုချင်တဲ့ ပုံကို Width 920px နဲ့ အမြင့်ကို 250px သတ်မှတ်ပြီး
gif ဖိုင်တစ်ခုကို ဖန်တီးလိုက်ပါတယ် ..
ပြီးရင်တော့ Layout ကိုသွားပါ

ပြီးရင် Header အပိုင်းရဲ့ ညာဖက်အောက်ဒေါင့်က Edit ကိုနှိပ်လိုက်ပါ



အဲဒီပွင့်လာတဲ့ထဲမှာပဲ ကိုယ့် Header မှာသုံးမယ့်ပုံကို ရွေးခြယ်ပြီး Upload တင်လိုက်ရုံပါပဲ
အဲဒီလို တိုက်ရိုက်မတင်ချင်ရင်လည်း ကိုယ့်ရဲ့ Header ပုံကို Hosting Site တစ်ခုခုမှာ Host လုပ်ပြီး
အဲဒီပုံရဲ့ လင့်ကိုပဲ ပေးလိုက်ရင်လည်း ရပါတယ်

ကိုယ်တင်ချင်တဲ့နည်းနဲ့ ပုံကိုတင်ပြီးရင်တော့ Save ကို နှိပ်လိုက်ရုံပါပဲ

ကဲ .. အဆင်ပြေပါစေဗျာ

Credit >>> အိုင်တီမုဆိုး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ပြောချင်တာလေးများရှိရင် ပြောထားခဲ့ပါ

ရွှေမန်းသား လေးစီ G-mail ကနေစာပို့ မယ်

foxyform