မင်္ဂလာပါ

ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ..ရွှေမန်းသား

Sunday, February 24, 2013

*** အ မေ ဆို တာ ***

အ မေ ဆို တာ.....
လူ မျိုး , ဘာ သာ
ကာ လ , ဒေ သ
ဘာ က ? ဘယ် က ?
ခွဲ ခြား မ ရှိ ၊ တူ ညီ ၏ ။

အ မေ ဆို တာ.....
ပ ညာ ရှိ သူ
မ ရှိ သူ...
လှ သူ , ချော သူ
ရုပ် ဆိုး သူ...နှင့်
မွဲ သူ , ဌေး သူ
ပိန် သူ , ဝ သူ
ပု သူ , ရှည် သူ
ဘယ် သူ ? ဘယ် ဝှာ ?
သာ , နာ , ယုတ် , မြတ်
သတ် မှတ် မ ခွဲ
လူ ထဲ သူ နေ
လူ တွေ မွေး ၏.....

မွေး ခဲ့ , မွေး ဆဲ
မွေး မြဲ , မွေး မယ်
ဘယ် လို နေ နေ
ကိုယ့် အ မေ ။

အ မေ ဆို တာ.....
သေ ရွာ ကို...လှမ်း
သေ လမ်း ကို...နင်း
သေ မင်း ခေါ် ရာ
သေ မှာ မ ကြောက်
သေ လမ်း လျှောက် လျက်
ဗိုက် ပေါက် လု ငြား
လွယ် ၍ ထား သည့်
ကြီး မား လေး လံ
ကိုယ် ဝန် ဒဏ် ကို
အ မှန် သည်း ခံ
သူ ပြု ကြံ ၏....

ပူ ငံ စပ် ခါး
ရှောင် ရှား နေ့ ည
အ စား က ပျက်
အ အိပ် ခက် ဖြင့်
ခြေ လက် ကိုယ်...ရောင်
ဖော ပြောင် ကိုက် ခဲ
ဆင်း ရဲ နေ့ ည
ခံ စား ရ ရင်း
ကိုး လ လွယ် ထား
ဆယ် လ ဖွား ၍
လူ သား က လေး
မွေး ပေး ၏.....။

သင် နှင့် ကျွန်ုပ်
လူ ရုပ် , လူ ဟန်
လူ သ ဏ္ဌာန် ကို
မှန် မှာ ပြန် ကြည့်
ခု ကြည့် ပါ လေ.....

သင် မြင် သည့် လူ
မှန် ထဲ လူ ကို
ဘယ် သူ က မွေး
ပြန် မေး ပါ လေ.....

အ မေ , အ မေ
အ မေ တွေ လေ.....

သေ ချာ ပြန် မေး ?
ဘယ် သူ မွေး လို့ ?

မွေး မေ , ကျွေး မေ
ကျုပ် အ မေ ဗျ.!!!!

အ မေ... , အ မေ...
အ မေ က မွေး
အ မေ ကျွေး လို့
လူ လေး , လူ မယ်
လူ ရွယ် , လူ မ
လူ ဖ , လူ ကြီး
အ သီး သီး ဖြစ်
နှစ် တွေ က ကြာ
လူ့ ရွာ က မ္ဘာ
စည် ကား ပါ ရဲ့.....

လာ တဲ့ လူ လဲ
လာ ဆဲ ပဲ...ဟဲ့ !
သွား တဲ့ လူ လဲ
သွား ဆဲ ပဲ...ဟဲ့ !
ဘာ နဲ့ လာ လာ
ဘာ နဲ့ သွား သွား
လူ သား လူ့ ရွာ
လူ့ က မ္ဘာ မှာ
မာ တာ "မိ ခင်"
မ ရှိ ရင် တော့
သင် နဲ့ ကျွန်ုပ်
လူ ရုပ် , လူ ဟန်
လူ သ ဏ္ဌာန် ကို
မှန် ထဲ ကြည့် ခွင့် မ ရ နိုင်...။

အ မေ ဆို တာ
လူ မျိုး , ဘာ သာ
ကာ လ , ဒေ သ
ဘာ က ? ဘယ် က ?
ခွဲ ခြား မ ရှိ ၊ တူ ညီ ၏...။

" အ မေ " ဆို တာ.....
" အ မေ " ပါ လေ.....။ ။

ကျော်မိုး ( စကားဝါမြေ )

၁၃၇၄ ခု၊ ပြာသိုလပြည့်နေ့ ( အမေနေ့ )
အမေများကို ဦးခိုက်ပါ၏။

@  ရွှေဆည်သား
Related Posts Plugin for WordPress, Blogger...

ပြောချင်တာလေးများရှိရင် ပြောထားခဲ့ပါ

ရွှေမန်းသား လေးစီ G-mail ကနေစာပို့ မယ်

foxyform