မင်္ဂလာပါ

ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ..ရွှေမန်းသား

Sunday, April 28, 2013

One Click Root & Unroot Tool



ကလစ်တစ်ချက်နှိပ်ရုံဖြင့် root & unroot ပြုလုပ်ပေးနိုင်တဲ့ tool လေးပါ။အောက်က device တွေကို အထောက်အပံ့ပေးပါတယ်။

 

Supported devices

  • Sony Xperia X10 (GB firmware)
  • Sony Xperia Arc (4.0.2.A.0.42)
  • Sony Xperia Arc S
  • Sony Xperia Play [R800i/R800x]
  • Sony Xperia Ray
  • Sony Xperia Neo
  • Sony Xperia Mini
  • Sony Xperia Mini Pro
  • Sony Xperia Pro
  • Sony Xperia Active
  • Live with Sony Walkman (WT19i/WT19a)
  • NTT Docomo Xperia ARCO SO-02C
  • Samsung Galaxy S2 [GT-i9100/GT-9100P]
  • Samsung Galaxy S II for T-Mobile (SGH-T989)
  • Samsung Galaxy S II for AT&T (SGH-I777), Skyrocket (SGH-i727)
  • Samsung Galaxy S II LTE Rogers Canada (SGH-I727R), Android version 2.3.5, Baseband version I727RUXKJ7
  • Samsung Galaxy S II Epic 4g Touch
  • Samsung Galaxy S2 HD LTE (SHV-E120S)(korea)
  • Samsung Galaxy i9100G
  • Samsung Galaxy S [i9000B] & [i9000 2.3.3 (PDA I9000BOJV8, Phone I9000XXJVO, CSC I9000GDTMJV7) and german T-Mobile branding]
  • Samsung Galaxy S Plus (GT-I9001) OS 2.3.3 and 2.3.6 (I9001ZSKP6)
  • Samsung Galaxy Mini GT-S5570 (GB only)
  • Samsung Galaxy Mini Pro i5510
  • Samsung Galaxy W [i8150]
  • Samsung Galaxy Y
  • Samsung Galaxy Tab [P1000] (2.3.3 firmware), [P1000N]
  • Samsung Galaxy Note [N7000]
  • Samsung Galaxy Player YP-G70 2.3.5 (GINGERBREAD.XXKPF)
  • Samsung Galaxy Ace (2.3.3, 2.3.4 firmware)
  • Samsung Nexus S [i9023] (2.3.6)
  • Samsung Nexus S 4G 2.3.7
  • Samsung Galaxy Nexus S [i9020] (2.3.6)
  • Samsung Exhibit (SGH-T759)
  • Samsung Exhibit 4G (SGH-T759) (2.3.3) Build UVKE8
  • Samsung Captivate i897 UCKH3
  • Motorola Milestone 3 [ME863 HK]
  • Motorola XT860, Bell XT860
  • Motorola Defy+
  • Motorola Droid X sys ver 4.5.605 w/ gingerbread
  • Motorola Droid X2 (2.3.4) Sys ver 1.3.380.MB870.Verizon.en.US Build 4.5.1A-DTN-150-30
  • Motorola XT883 (China Telecom)
  • Motorola XT862 (Verizon Droid3)
  • Motorola DROID RAZR
  • Nexus One (2.3.6 stock)
  • LG Revolution
  • Vizio VTAB1008 Tablet
  • Huawei IDEOS U8150 (2.2)

 
 လိုအပ်ချက်အနေနဲ့ကတော့ USB debugging 0n ပီးကစ်လိုက်ယုံပါပဲ။ ကျန်တာဘာမှမလိုပါဘူး။ 
ကျန်တာဘာမှမလိုဘူးဆိုလို့ ပေမဲ့ driver ကတော့လိုတယ်နော် ။ ။ ။ ။  ။ ။

လိုချင်ရင်တော့ ဒီမှာဒေါင်း လိုက်ပါနော် ။ root ချင်လား unroot လား သက်ဆိုင်ရာကို နှိပ်လိုက်နော်။ ပီးရင် reboot ကျပီး ပြန်တက်လာပီဆိုရင်အဆင်ပြေပီမှတ်


ရေးသားသူ >>>  Hein Maung(MLN)

Saturday, April 27, 2013

THOTTK ဆိုတဲ့ တရုတ်စစ်တိုက်တဲ့ဂိမ်း


စစ်တိုက်တာဝါသနာပါတဲ့ ဘော်ဘော်တွေအတွက်ပါ။
ဆော့လို့ ကောင်းတယ် ဒါပေမဲ့ တရုတ်လိုတွေဆိုတော့ နဲနဲလေးလုပ်ရတာခက်တယ်ဗျာ။
စမ်းဆော့ကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းလိုက်နော်



ဒေါင်းရန်

Android ဖုန်းအတွက် ဓာတ်ပုံပြုပြင်ဒီဇိုင်းထွင်ပေးမယ့် Photoshake Pro

 လုပ်နည်းကလွယ်လို့ ရှင်းမပြတော့ဘူးနော်..........။
စမ်းကြည့်လိုက်ပါဗျာ




ဒေါင်းရန်

ကျွန်တော် ဒီမိုးသား စီကနေ ကူးယူပြီး ပြန်လည်မျှဝေလိုက်ပါတယ်

Facebook Themes ကနောက်ခံပုံပြောင်းမယ်

အပေါ်ကပုံက ရွှေမန်းသားလေးက နောက်ခံပြင်ထားတဲ့ပုံလေ ။ လန်းတယ်နော်...................

Facebook Themes လေးထည့်နည်းကို မဖတ်ရသေးရင် ဒီကိုနှိပ် ပြီးတော့သွားလိုက်ပါ...။

ကဲစလိုက်ကြရအောင်ဗျာ......................



ခုနည်းက Firefox နဲ့ ရှင်းပြမှာပါ...........

၁။ Firefox မှ Tools >Adds-Ons ကိုနှိပ်လိုက်ပါ။နောက်ထပ်တစ်ဖိုင်နဲ့ ပွင့်လာပါလိမ့်မယ် ။ ။ ။
Add-ons Manager ပေါ့ ကိုထည့်ထားတဲ့ ကုတ်တွေကိုပြင်မှာပါ ။ ။ ။


Add-ons Manager ထဲမှ Edit ကိုနှိပ်ပါ ။ ။ ။ (အပေါ်ကပုံမှာကြည့်ပါ)

အပေါ်ကပုံလိုပေါ်လာရင်တော့ Find ဆိုတဲ့ဘေးက အကွက်လေးထဲကို body ဆိုတဲ့စာသားလေး
ရိုက်လိုက်ပါ ။
background-image:url

background-image:url
body {
background-image:url('http://farm8.staticflickr.com/7092/7031903765_c5c755236f_h.jpg') !important;
background-repeat:repeat !important;
background-attachment:fixed !important;
background-position:center !important;
}
 
background-image:url ရဲ့ နောက်က ကွင်းအစ၊ကွင်းအပိတ်ထဲက
http://farm8.staticflickr.com/7092/7031903765_c5c755236f_h.jpg
အဲဒီပုံလင့်လေးကိုချိန်းမှာပါ။ ။ ။ ။ ။ ။ ။

၂။ ကိုယ်တင်ချင်တဲ့ပုံကိုလင့်ရဖို့ အတွက် Google Image ကိုဖွင့်ရပါမယ် ။ ။
 ဒီမှာနှိပ်  ပြီးသွားလိုက်ပါ ။အောက်ကပုံကိုကြည့်လိုက်ပါ ။ ။ ။

အပေါ်ကပုံအတိုင်းပေါ်လာရင်တော့ အဲဒီထဲကမှ ကင်မရာပုံလေးကိုနှိပ်လိုက်ပါ ။ ။ ။ ။
ပြီးရင်တော့  Upload an image ဆိုတာလေးကိုရွေးလိုက်ပါ ။ ။ ။ ပြီးရင်တော့ Browser
ကိုရွေးပြီး ကိုယ်တင်မဲ့ပုံ ရှိတဲ့နေရာကနေ ကိုယ်တင်ချင်တဲ့ပုံကို ရွေးပြီး Open ဆိုတာနှိပ်ပြီးတော့
တင်လိုက်ပါ ။Uploading file ဆိုပြီးအ၀ိုင်းလေးလည်နေပါလိမ့်မယ်...ခနတော့စောင့်ပေါ့ဗျာ ။ ။ ။


အပေါ်ကပုံကတော့ ကျွန်တော်တင်လိုက်တဲ့ ပုံလေးတွေကို အကြီးအသေး အကုန်ပြထားတာလေးပါ။ ။ ။ 
အဲထဲကမှ ၁၆၀၀×၁၀၀၄ ဆိုတဲ့ဆိုက်ကိုရွေးလိုက်ပါ ။ဘာလို့ အဲဆိုက်ကိုရွေးရလဲဆိုရင်တော့
အဲဆိုက်ကမှ facebook တစ်ခုလုံးမှာအပြည့်ပေါ်မှာပါ ။ကျန်တာတွေဘယ်လိုရှိလဲဆိုတာ သိချင်ရင်တော့
စမ်းလိုက်ပါနော် ။ ။ ။ 

၃ ။၁၆၀၀×၁၀၀၄ကိုသုံးဖို့ အတွက် သူ့ ကိုလင့်ယူဖို့ အတွက်ကတော့ အောက်မှာဆက်ကြည့်ဗျာ ။ ။ ။ 

၁၆၀၀×၁၀၀၄  ပုံပေးမှာ Right Click ထောက်ပြီး Open Link In New Tab ဆိုတာနှိပ်လိုက်ပါ ။ ။ ။ 

အောက်ကပုံလိုပေါ်လာပါလိမ့်မယ် ။။။



ပုံရဲ့ ဘေးမှ Full-size image - 2x larger ဆိုတဲ့စာလေးကိုနှိပ်လိုက်ပါ ။။။
နှိပ်လိုက်လို့  ပေါ်လာတဲ့ထဲက လင့်ကိုကူးယူပါ ။ ။ ။ 
ကျွန်တော်ပုံလင့်လေးထည့်ပေးလိုက်ပါတယ်
http://farm8.staticflickr.com/7092/7031903765_c5c755236f_h.jpg

ခုနကခနထားခဲ့တဲ့ add-ons Manager ကိုပြန်သွားရအောင်ဗျာ.....

အပေါ်ကပုံလေးထဲကမှ (http://farm8.staticflickr.com/7092/7031903765_c5c755236f_h.jpg)
ပုံလင့်လေးကို ဖျက်ပြီး ခုနက ကိုယ်ကော်ပီ ကူးထားတဲ့ပုံလင့်ကိုထည့်ပါ ။
ပြီးရင်တော့ Save လိုက်ပါ ။ ။ ။ ။

အားလုံးအပေါ်ကအတိုင်းအဆင်ပြေစွာလုပ်နိုင်ခဲ့တယ်ဆိုရင်တော့
ဘော်ဘော်တို့ ရဲ့ Facebook ကနောက်ခံပုံကပြောင်းသွားပြီပေါ့ဗျာ ။ ။ ။ ။

အားလုံးအဆင်ပြေစွာလုပ်နိုင်ကြပါစေဗျာ။။။။။

ဒီ Post လေးကိုရေးနိုင်အောင် သင်ပြပေးတဲ့ ကို ငရဲသား ကိုလဲကျေးဇူးအထူးတင်ပါတယ် . .. ...

အားလုံကိုခင်မင်လျှက်
ရွှေမန်သား
http://farm8.staticflickr.com/7092/7031903765_c5c755236f_h.jpg





http://farm8.staticflickr.com/7092/7031903765_c5c755236f_h.jpg
background-image:url
background-image:url
body {
background-image:url('http://farm8.staticflickr.com/7092/7031903765_c5c755236f_h.jpg') !important;
background-repeat:repeat !important;
background-attachment:fixed !important;
background-position:center !important;
}

IDM က Download Speed ကိုမြှင့်ချင်သူများအတွက်

run comment box ခေါ်ပါ ။ run comment box ခေါ်ဖို့ window key + R ကိုတွဲနှိပ်ပါ။
run box ထဲမှာ gpedit.msc ဆိုပီးရိုက်ထည့်ပါ။ gpedit dialog တက်လာပီးဆိုရင်

adminstrative template >> Network >> Qos Packet >>  limit reverseval bandwith ကို  double click နှိပ်ပါ ။ setting dialog box ကျလာရင် enabled ကိုရွေးပေးပါ။ပီးရင် သူ့အောက်က bandwidth limit ကို 80% ပြောင်း
ပေးပါ။ပီးရင် ok ကိုနှိပ်ပြီး ပိတ်လိုက်ပါ။


IDM Options ကိုဝင်ပါ။ ပြီးလျှင် Connection Tab ကိုသွားပြီး
Connection Type/Speed ကို Other ရွေးပေးပြီး 0 bps ပြောင်းပေးပါ
ပြီးလျှင် Default max.Conn.number ကို 16 ထားပေးပြီး ပိတ်လိုက်ပါ

ပြီးလျှင် Runbox ကိုဖွင့်ပြီး regedit ကိုရိုက်ပါ

ပြီးလျှင်အောက်ပါအတိုင်းဝင်ပြင်ပါ

regedit >> Hkey-Current User >> Software >> Download manager >> double click ConnectionSpeed >> Chose Decimal >> type 9999999999999999999999999999999 >> click ok
အားလုံးပြီးသွားပြီဆိုရင် IDM ကို Restart ချပြီး ဒေါင်းကြည့်ပါ Speed တတ်လာပါလိမ့်မည်။

Post by Hein Maung

Credit >>> Myanmar Mobile Helper Group

အားလုံးပဲစောင့်မျှော်နေတဲ့ T8828 root ရပါပီ

One of the God Phone လို့အမည်ပေးထားတဲ့ T8828 ရဲ့ အမှန်တကယ် Root ရပါပြီ ..။
Huawei T8828 ကို One of the God Phone ဆိုပြီး နာမည်ကြီးနေတဲ့အတွက် User တွေအနေနဲ့ Myanmar Font တွေသွင်းမရတာ အခြား Root ရမှ ရတဲ့ Application တွေ သွင်းမရတာကို ကြိတ်မနိုင်ခဲမရ ဖြစ်နေတာကြာပါပြီ ….။


ခုတော့ T8828 ကို အောင်မြင်စွာ Root နိုင်ပါပြီ …။
ပထမဦးဆုံး မိမိတို့ ကွန်ပျူတာမှာ Driver ရှိရမှာဖြစ်ပါတယ် …။ Driver သွင်းဖို့အတွက်ကို PC suite တွေနဲ့သွင်းထားလိုက်ပါ …။
ပြီးရင် ကျွန်တော်ပေးတဲ့ ဇစ်ဖိုင်လေးကိုဖြည်ထားပါ … ။
sd card ကို format ချပေးပြီးတပ်ပေးထားပါ ။
phone ကို battery ဖြုတ်ပြီး 5s လောက်စောင့်ပေးပါ battery ပြန်တပ်ပြီးတော့ Recovery mode ကိုဝင်ပေးပါ …။ Recovery mod ၀င်နေတဲ့အချိန်မှာ ကွန်ပျူတာနဲ့ကြိုးကိုချိတ်ပါ … ။
တစ်ခုသတိပေးချင်တာက manual ပဲဝင်ပါ recovery mod ကို …။ adb ကနေမ၀င်ပါနဲ့ …။
ဒါဆို အိုခေ root.bat ကို Run ပေးပါ …။ press any key လို့ပေးလာတဲ့အခါ ကြိုးကို ဆွဲဖြုတ်ပါ … ။ recovery mod က apply update from sd card ကိုရွေးပြီး 8828.supk ကို install လုပ်ပေးပါ … ။ progress bar ပြည့်ပြီး ပြီးသွားတဲ့အခါ battery ကိုဖြုတ်ပေးပါ ပြန်ပြီး power on လိုက်တဲ့အခါ မိတ်ဆွေတို့လိုချင်တဲ့ root ရပါပြီ …။
စမ်းသပ်ပြီး 200% အလုပ်လုပ်ပါတယ် …. ။
ကူညီစမ်းသပ်ပေးပါသော Range Measurer နှင့် မင်းဟိန်းလုံ (ကြောင်စုတ်) ကိုအထူးပင်ကျေးဇူးတင်ရှိပါသည် …။

ဖိုင်ကိုဒီမှာဒေါင်းပါ။ကြိုက်တဲ့လင့်ကနေဒေါင်းပါ

(1) .Dev-Host ကနေဒေါင်းမယ်

(2). MediaFire ကနေဒေါင်းမယ် 

Credit : bbs.anzhi.com
ORG ပို့စ်အတိုင်းပဲ တင်ထားတာနော် Creadit - ပေးသင့်တဲ့သူအားလုံး :P
Post By Hein Maung

Credit >>> Myanmar Mobile Helper Group

Friday, April 26, 2013

Facebook Themes


ဒီပုံလေးကတော့ ရွှေမန်းသားရဲ့ Facebook လေးကို  Facebook Themes  လေးနဲ့ လန်းထားတာပါ။

ရွှေမန်းသားလေးလို  လန်းချင်ရင်တော့ အောက်မှပုံလေးတွေကြည့်ပြီးလိုက်လုပ်လိုက်နော်...........


 ၁။ အောက်က Facebook Themes လင့်ကိုသွားပါ

၂။ Dark Blue Galaxy Facebook ။ Blacked Out - (Rounded Corners) NO ADS! ဆိုတဲ့ ပုံတွေ
  ထဲကမှကိုယ်ကြိုက်တာကို နှိပ်လိုက်ပါ။ပြီးရင်တော့ အပြာရောင် Box ကိုတွေ့လိမ့်မယ် အဲမှာ                Download လင့်ပါ ပါတယ်။ အဲဒီအပြာရောင် Box ထဲက install Stylish. ကိုနှိပ်လိုက်ပါ ........အောက်ကပုံကိုကြည့်ပါ။


နောက်ထပ် Box တစ်ခုပေါ်လာပါလိမ့်မယ်.....အောက်ကပုံပါ
Add ကိုနှိပ်လိုက်ပါ...။

အပေါ်ကပုံအတိုင်း အလုပ်လုပ်နေပါလိမ့်မယ် ခနတော့စောင့်
ပါ။

၃။ အောက်ကပုံလေးအတိုင်းပေါ်လာရင်တော့ + Install with Stylish
ဆိုတာလေးကိုနှိပ်လိုက်ပါ...။


နောက်ထပ် Box ကျလာလိမ့်မယ်။အဲထဲကမှ Ok ကိုနှိပ်ပါ။
ပြီးရင်တော့ ကိုယ်ဝင်ထားတဲ့ Facebook ကို  Reload Current Page ကိုနှိပ်လိုက်ပါ။
ကဲရွှေမန်းသားလေးလို လန်းနေတာတွေ့ ပါလိမ့်မယ်ဗျာ............

အားလုံးအဆင်ပြေကြပါစေဗျာ.....

ဒီပို့ ကို ရေးနိုင်အောင် လုပ်နည်းကို ကို ငရဲသား က သင်ပေးပါတယ်ဗျာ...
ကို ငရဲသား ကို အထူးကျေးဇူးတင်ပါတယ်ဗျာ...........

မှတ်ချက် >>> ကျွန်တော်ဒီ Facebook Themes  ကို Google Chrome နဲ့ စမ်းသပ်ထားပါတယ်။
Firefox နဲ့ ဆိုရင်တော့ နဲနဲပြောင်းလဲမှု့ လေးတွေရှိပါတယ်ဗျာ။

ရွှေမန်းသား

ချက်တင်မှာ လူများပြီး Chat မနိုင်ဖြစ်သူများအတွက် Clipboard APK





ဒေါင်းရန်


Credit >>> မောင်စွယ်စုံကျမ်း

Setting မှာ ၀င်ပီး အသံအတိုးအကျယ်မလုပ်ချင်ရင် ဒီဟာသုံးလိုက်





ဒီဆော့ဝဲလေးထည့်ထားမယ်ဆိုရင်တော့
အသံပိုင်းဆိုင်ရာတွေကို Setting ထဲဝင်ပြီးပြင်စရာမလိုတော့ပါဘူး။
ဖုန်းရဲ့  စကရင်ကနေ အလွယ်ပြင်နိုင်ပါလိမ့်မယ်..........



ဒေါင်းရန်

Credit >>> မောင်စွယ်စုံကျမ်း

Tuesday, April 23, 2013

Shan Myanmar ဂိမ်းကို ဖုန်းလေးမှာဆော့ရအောင်ဗျာ

 အွန်လိုင်းမှာ ဖဲရိုက်ချင်တဲ့ ဘော်ဘော်တွေအတွက် ရှမ်းမြန်မာ ဂိမ်းလေးပါ




Shan Myanmar မူရင်းဆိုက်လင့်ပါ

ကွန်ပြူတာ နဲ့ ဆော့ ချင်သူများ

ရှမ်းမြန်မာ APK ကို ရယူရန်

Huawei All In One Recovery v1.5 Release Here !!!!


ဒီတစ်ခုကိုတော့ တော်တော်လေးလုပ်ထားပါတယ်…
အရင်ဟာတွေထက်ပိုပြီးကောင်းမယ်ထင်ပါတယ်…
Offline အနေနဲ့ U Series နဲ့ C Series တွေကို လုပ်နိုင်မှာပါ..
Online ရှိသူတွေအတွက်ကတော့ Driver တွေနဲ့
MTK Recovery တွေ Root တွေ
Spereadtrum Root တွေကို Download ဆွဲနိုင်မှာပါ.
Download ပြီးသွားရင်တော့ Desktop ပေါ်မှာတွေ့ရပါလိမ့်မယ်….



Huawei All In One Recovery  ကိုဒေါင်းရန်

Y220T Camera Error အတွက် ဒီထဲမှာပါတဲ့ Recovery ကိုပြန်ဒေါင်းပြီး သွင်းပါ.
ပြီးရင်ပေးထားတဲ့ Root.zip ကိုဒေါင်းပြီး Recovery ကသွင်းရင်ရပါတယ်…
MTK Driver တွေကိုပေးထားပါတယ်..
Flashable Zip များကို ကူညီပေးသူများကိုကျေးဇူးတင်ပါတယ်.
ကိုဖြိုးညီညီ၊ကိုအောင်သီဟ၊ကိုကျော်သက်၊ကိုဌေးလှိုင်ဦးတို့ပဲဖြစ်ပါတယ်..
ကျန်တဲ့ Developer တွေကို Credit ပေးပါတယ်….
ကဲအဆင်ပြေပါစေ…….



Credit >>> MMSD

ဖြိုးချမ်း

GameBooster 2

မိမိရဲ့ ဖုန်းဟာ မိုဒယ်နိမ့်‌ လို. Game အကြီးကြီးတွေကစားမရလို.စိတ်ညစ်မနေပါနဲ့။ ဒီGameBooster 2   ကကူညီပေးပါမယ်။မိမိရဲ့ဖုန်းဟာ Root လုပ်ထားဖို.တော့လိုအပ်ပါမယ်။
ဒီGameBooster 2   လေးကိုထဲ့သွင်းထားလိုက်ရင် အရင်ကကစားလို.အဆင်မပြေတဲ့ Game ကြီးတွေကိုလွယ်လွယ်ကူကူလေးကစားနိုင်ဖို.ကို ကူညီပေးနိုင်ပါတယ်။Game Boosterကိုသုံးခြင်းအားဖြင့်မိမိဖုန်းရဲ့နည်းပါးနေတဲ့ CPUတွေကိုဆွဲမြှင့်ပေးပြီးမလိုအပ်ပဲ RAM ကုန်ဆုံးစေမှု့တွေကို ချိန်‌ညှိပေးနိုင်ပါတယ်။



GameBooster က Gaming Modes ၄ မျိုးနဲ့လုပ်ဆောင်ပေးထားပါတယ်။
  • -ULTRA Gaming Mode
  • -Hard Gaming Mode
  • -Balanced Gaming Mode
  • -Light / Longer Gaming Modeဆိုပြီးတော့။
Android ဗားရှင်း 4.0. အောက်ပဲရှိတဲ့ ဖုန်းတွေနဲ့ပိုသင့်တော်ပါတယ်။ စကရင်သေးငယ်တဲ့ဖုန်းတွေအတွက်ဆိုလဲပိုပြီးကောင်းမွန်ပါတယ်။

GameBooster2 ★ root v2.1 ဒေါင်းမယ်

 Credit >>> Myanmar Mobile App

THANKS: AUNG BOBOLWIN , bobolwin36@facebook.com

Y220T ကို Error ကင်းကင်း Root လုပ်မယ်.


Y220T ကို Root လုပ်လိုက်ရင် Camera ဇောက်ထိုးတွေဖြစ်တက်ပါတယ်..
ဒီ Error ကိုဖြေရှင်းဖို့ကတော့ အရင်ဆုံး Firmware ပြန်တင်လိုက်ပါ။
ပြီးသွားမှဒီနည်းနဲ့ ပြန်ပြီး Root ဖောက်ပါအဆင်ပြေပါလိမ့်မယ်..
ကဲ Root လုပ်နည်းကို အရင်ကြည့်ရအောင်
ကဲဒီဖိုင်လေးတွေကို အရင်ဒေါင်းလိုက်ပါ…





Root.zip

ပြီးသွားရင်တော့ Research Download and Driver ကို rar ဖြည့်လိုက်ပါ…
Driver မပါရင် Driver ထည့်လိုက်ပါ…
Research Download ထဲ က Bin Folder ထဲကို သွားလိုက်ပါ..
ResearchDownload.exe ကိုတွေ့ပါလိမ့်မယ်.. Run လိုက်ပါ..
ပြီးသွားရင်တော့ ဒေါင့် စွန်းက Load Packet မှာ Y220T Recovery.pac ကို ရွေးပေးလိုက်ပါ…

ကဲဒါဆိုရင်တော့ ဖုန်းကို ပါဝါပိတ်လိုက်ပါ
Battery ဖြုတ်လိုက်ပြီး
ပြန်တက်လိုက်ပါ…
Research.exe မှာ Play ပုံလေးတွေ့ပါလိမ့်မယ်…
နှိပ်လိုက်ပါ….
ဖုန်းကို Volume Down လေးဖိနှိပ်ပြီးကြိုးထိုးလိုက်ပါ..
Pass ပြသွားပါလိမ့်မယ်..
ပြီးသွားရင်တော့ ဖုန်းကို Volume Down + Power ဖိနှိပ်လိုက်ပြီး Recovery Mode ၀င်လိုက်ပါ။
ပေးထားတဲ့ Zip ကို Flash လိုက်ရင်ရပါပြီ။
အဆင်ပြေပါစေ။

Credit >>> ဖြိုးချမ်း

Y310-5000 ကို Recovery ကနေ Root ဖောက်မယ်



Y310-5000 ကို Root လုပ်လိုက်ရင် Touch သေသွားတာတို့ လိုင်းမမိတာတွေဖြစ်တက်ပါတယ်..
ဒီ Error ကိုဖြေရှင်းဖို့ကတော့ အရင်ဆုံး Firmware ပြန်တင်လိုက်ပါ။
ပြီးသွားမှဒီနည်းနဲ့ ပြန်ပြီး Root ဖောက်ပါအဆင်ပြေပါလိမ့်မယ်..
ကဲ Root လုပ်နည်းကို အရင်ကြည့်ရအောင်
ကဲဒီဖိုင်လေးတွေကို အရင်ဒေါင်းလိုက်ပါ…




 Research Download and Driver

 Y310-5000 Recovery Pac

Root.zip  

ပြီးသွားရင်တော့ Research Download and Driver ကို rar ဖြည့်လိုက်ပါ…
Driver မပါရင် Driver ထည့်လိုက်ပါ…
Research Download ထဲ က Bin Folder ထဲကို သွားလိုက်ပါ..
ResearchDownload.exe ကိုတွေ့ပါလိမ့်မယ်.. Run လိုက်ပါ..
ပြီးသွားရင်တော့ ဒေါင့် စွန်းက Load Packet မှာ Y310 Recovery.pac ကို ရွေးပေးလိုက်ပါ…



ကဲဒါဆိုရင်တော့ ဖုန်းကို ပါဝါပိတ်လိုက်ပါ
Battery ဖြုတ်လိုက်ပြီး
ပြန်တက်လိုက်ပါ…
Research.exe မှာ Play ပုံလေးတွေ့ပါလိမ့်မယ်…
နှိပ်လိုက်ပါ….
ဖုန်းကို Volume Down လေးဖိနှိပ်ပြီးကြိုးထိုးလိုက်ပါ..
Pass ပြသွားပါလိမ့်မယ်..
ပြီးသွားရင်တော့ ဖုန်းကို Volume Down + Power ဖိနှိပ်လိုက်ပြီး Recovery Mode ၀င်လိုက်ပါ။
ပေးထားတဲ့ Zip ကို Flash လိုက်ရင်ရပါပြီ။
အဆင်ပြေပါစေ။

Credit >>> ဖြိုးချမ်း

Sunday, April 21, 2013

Zombie Blaster








 သရဲတွေ မြို့ ထဲဝင်စီးတဲ့ ဂိမ်းလေးပါ
ကျွန်တော်တော့ မတော့ရသေးပါဘူးဗျာ.....
ဆော့မယ်ဆိုရင်တော့ ဒေါင်းလိုက်နော်



Zombie Blaster လေး  ဒေါင်းရန်

ကိုယ်ပိုင်ဗွီဒီယိုလေးတွေမှာ Watermark ထည့်ဖို့ Video Watermark Pro

ဗွီဒီယိုဖိုင်တွေပေါ်မှာ ကိုယ့်ရဲ့ ကိုယ်ပိုင်အမှတ်အသားဖြစ်တဲ့

စာလေးပဲဖြစ်ဖြစ် ပုံလေးပဲဖြစ်ဖြစ် Watermark ထည့်တဲ့ ဆော့ဝဲလေးပါ


Watermark အဖြစ် စာတွေတင်မဟုတ်ပဲ

ပုံလေးတွေ Shape လေးတွေပါ ထည့်သွင်းလို့ရပါတယ်
အသုံးပြုရတာလည်း လွယ်ကူရိုးရှင်းပါတယ်

အထဲမှာ ဖိုင်နှစ်ဖိုင်ပါတယ်တယ် အပြင်ကဖိုင်ကို Install လုပ်ပြီးရင် keygen ဆိုတဲ့ထဲကဖိုင်ကို

C >> Program files >> AoaoPhoto digital Studio >> Video Watermark pro

ဆိုတဲ့ဖိုလ်ဒါထဲကို ကူးထည့်လိုက်ပါ တက်လာတဲ့ Box ကို Replace ပါတာကို နှိပ်ပေးလိုက်ပါ
အရင်ဆုံး ပရိုဂရမ်ကို Run လိုက်ပြီး .. ဘယ်ဖက်အပေါ်ဒေါင့်နားက အပေါင်းလက္ခဏာလေးကိုနှိပ်ပြီး
ကိုယ် Edit လုပ်မယ့် ဗွီဒီယိုဖိုင်ကို ရွေးပေးရပါမယ်


ပြီးရင် စာထည့်မလား ပုံထည့်မလား ရွေးပြီး Add Text .. Add Image .. Add Shape တစ်ခုခုကိုနှိပ်ပေါ့


ပြီးရင်တာ့ ကိုယ်လုပ်တာကို အဆင့်ဆင့်လုပ်ဆောင်ပြီး Ok နှိပ်ပေးလိုက်ပါ
ပြီးရင် Run ဆိုတဲ့ အ၀ိုင်းကိုနှိပ်ပေးလိုက်ရင် .avi ဖိုင်အဖြစ် Output ထုတ်ပေးပါလိမ့်မယ်
ကဲ . အဆင်ပြေကြပါစေဗျာ


Video Watermakrk Pro ဒေါင်းမယ်


Credit >>> အိုင်တီမုဆိုး


ကျွန်တော် အိုင်တီမုဆိုး ဆိုက်မှာတွေ လို့ ပြန်လည်မျှဝေလိုက်ပါတယ်...........


Facebook အကောင့် Lock မကျအောင် ဒီလို ကာကွယ်ထားပါ

Facebook ဟာ ဒီရက်ပိုင်းအတွင်း
 ပြဿနာ တော်တော်ရှာလာတယ်လို့ ပြောရမလောက်ပါပဲ
တကယ်တော့ သူ့ရဲ့ လုံခြုံရေးအတွက် Policy တွေ ပြောင်းထားတာပါ
ဘာကြောင့်လဲဆိုတော့ Facebook ကို အသုံးပြုပြီး ဘဏ်အကောင့်တွေ
ခိုးတယ် .. နိုင်ငံရေးအမြတ်ထုတ်မှုတွေလုပ်တယ် .. Cyber Attack တွေ
ကြံစည်လာတယ် .. စသည်ဖြင့် အများကြီးပဲဗျာ ..
တစ်ကမ္ဘာလုံးနဲ့ ဆက်ဆံနေရတာဆိုတော့ Facebook ကိုလည်း အပြစ်ပြောလို့
မရပါဘူး ...အသုံးပြုနေတဲ့ User တွေကသာ သတိလေးနဲ့ သုံးစွဲရုံပေါ့
Facebook ဟာ သူ့ဆီကို Log in ၀င်လိုက်ပြီဆိုတာနဲ့ သက်ဆိုင်ရာ Browser ရဲ့


Date .. Cookies .. History .. Proxy .. စတာတွေကို အရင်ဖတ်ပါတယ်
( ဒါကတော့ ဘယ်ဆိုက်ကို ၀င်ဝင်ပါ )
ပြီးရင် email and password တွေသိုလှောင်ထားတဲ့ php နဲ့ ချိတ်ဆက်ပြီး Log in
အချက်အလက်မှန်ကန်မှုရှိမရှိ စစ်ဆေးပြီး ပြဿမရှိဘူးဆိုရင် အကောင့်ပွင့်သွားပါတယ်
အဲဒီတော့ .. မကြာသေးမီကမှ ကိုယ့်ရဲ့ အကောင့်ကို ဖုန်းနဲ့ ၀င်လိုက်တယ် ..
အကြောင်းကြောင်းကြောင့် စနစ်တကျ Log out မထွက်လိုက်ရပဲ ပိတ်လိုက်တယ်
နောက် .. ခဏနေတော့ ကွန်ပျူတာနဲ့ ကိုယ့်အကောင့်ကို ပြန်ဝင်ပြန်တယ် ..
အဲဒီမှာ Check လုပ်တဲ့အဆင့်မှာတင် Facebook အတွက် သံသယဖြစ်စရာတွေ
ရှိသွားပါပြီ .. ပထမ Log in က Log out မထွက်သေးပဲ နောက်ထပ် စက်တစ်လုံးက
Log in ၀င်လာပြန်ပြီပေါ့ ...
Facebook account တွေ လော့ကျတတ်တာရဲ့ အဓိက ပြဿနာက အဲဒါပါပဲ
နောက်ထပ် လော့ကျနိုင်တဲ့ အခြေအနေတွေ အများကြီးရှိပါသေးတယ်
Password အမှားကြီးနဲ့ ခဏခဏ Log in ၀င်ဖို့ကြိုးစားတာမျိုး
Friend Request တွေ အများကြီး ပို့နေတာမျိုး
တခြားလူတွေရဲ့ Wall တွေပေါ်မှာ လင့်ပါတဲ့ စာသားတွေ သွားသွားတင်တတ်တာမျိုး
facebook က Ban ထားတဲ့ ၀က်ဆိုက်တွေထဲကို Facebook ကို Log in ၀င်ထားရင်း
သွားလည်မိတာမျိုး .. ( ဥပမာ .. http://zamal-tkj.blogspot.com ဆိုတဲ့ လိပ်စာကို
Facebook ရဲ့ တစ်နေရာရာမှာ ရေးကြည့်ပါ. .. လက်မခံတာတွေ့ရပါလိမ့်မယ် )
ကဲ .. အဲဒီတော့ ကျွန်တော်တို့ရဲ့ Facebook အကောင့်ဟာ လော့ကျနိုင်ခြေတွေ
အများကြီးလို့ ဆိုရမှာဖြစ်ပါတယ်
လော့ကျပြီးသွားရင်တော့ အကောင့်ပြန်ရဖို့ ( Unlock လုပ်ဖို့ ) တော်တော်ကို ခက်ခဲသွားပါပြီ
ဒီတော့ .. ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ်ဆိုသလိုပဲ
ကျွန်တော်တို့ရဲ့ အကောင့်လေး လော့မကျခင်ကတည်းက လော့ကျဖို့ ခက်ခဲအောင်
ကြိုတင်ကာကွယ်ထားနိုင်မယ့် နည်းလမ်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်
ကျွန်တော်တို့ရဲ့ အကောင့်ဟာ ကြောငြာအကောင့် ( Spam အကောင့် ) မဟုတ်တဲ့အကြောင်း
တခြားအကောင့်ပိုင်ရှင်တွေကို စိတ်အနှောက်အယှက်မပေးတဲ့အပြင် Facebook User အချို့အတွက်
ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေက အကူအညီတောင်ပေးသေးတယ်လို့ Facebook ကို အသိပေးထားနိုင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အကောင့်တွေဟာ တော်ရုံတန်ရုံနဲ့ လော့မကျနိုင်တော့ပါဘူး ..
အဲဒါဆိုရင် ဘယ်လိုလုပ်မှာလဲ .. ဟုတ်ကဲ့ .. လွယ်ပါတယ်
တစ်ကယ်ကိုလွယ်ပါတယ် ..

ပထမဆုံးကိုယ့်ရဲ့ Facebook အကောင့်ကိုတော့ Log in ၀င်ထားရပါမယ်

ပြီးပြီဆိုရင် ဒီနေရာ ကိုသွားလိုက်ပါ

အဲဒီ Page ကိုရောက်ပြီဆိုရင် .. အောက်ဆုံးကို ဆင်းကြည့်လိုက်ရင် စာရေးစရာနေရာလေးနဲ့ Add Answer ဆိုတာလေးကို တွေ့ပါလိမ့်မယ်

အဲဒီထဲမှာ အင်္ဂလိပ်လို တစ်ခုခုရေးပြီး Add Answer ကို နှိပ်လိုက်ပါ
ဘာရေ။ရမှာမှန်းမသိရင်လည်း သူများရေးထားတာတွေကို ကော်ပီကူးပြီး ထည့်ပေးလို့ရပါတယ်
(တော်တော်များများလည်း အဲဒီလို ကော်ပီကူးပြီး ပြန်ထည့်ထားကြတာကို တွေ့ရပါလိမ့်မယ် )
တစ်ခုရှိတာက အဲဒီထဲမှာ ဘာလင့်ကိုမှ မထည့်မိဖို့ပါပဲ ..
ကိုယ်ရေးလိုက်တဲ့ Answer လေး တက်သွားပြီဆိုရင် Address bar မှာရှိတဲ့ လင့်လေးကို ကော်ပီကူယူလာပြီး
ကိုယ့်ရဲ့ Friend တွေကို ပေးပါ .. သူတို့ကို ကိုယ့်ရဲ့ Answer ရဲ့အောက်က Helpful ဆိုတာလေးကို
နှိပ်ပေးဖို့ အကူအညီတောင်းပါ Helpful အရေအတွက် များလေကောင်းလေပါပဲ ..
( ဒါပဲနော် .. နည်းလမ်းပြောပြတဲ့ ကျွန်တော့် Answer ကိုလည်း Helpful နှိပ်ပေးထားခဲ့ရမယ် .. မစိမ်းကားကြေး)
တခြားသူတွေကိုလည်း သူတို့ရေးထားတဲ့ Answer လေးတွေကို Helpful နှိပ်ပြီး အကူအညီပေးပါ
ဒီ Feature လေးက Facebook အကောင့်ကို အသစ်ဖွင့်ဖွင့်ခြင်းမှာ လော့ကျတာမျိုးမဟုတ်ပဲ
အသုံးပြုနေရာကနေ လော့ကျတာမျိုးဆိုရင်တောင် အဲဒီ Page မှာ Helpful များများရအောင်လုပ်နိုင်ရင်
အဲဒီအကောင့် ပြန်ရပါတယ် ..
ကဲ . အဆင်ပြေကြပါစေဗျာ

Credit >>> အိုင်တီမုဆိုး

အိုင်တီမုဆိုး ဆိုက်လေးမှာတွေ့ လို့ ပြန်လည်မျှဝေလိုက်တာပါ......



ဂိုး ရလဒ်တွေ ကြည့် တဲ့ ဆော့ဝဲလ်လေးပါ

 
ဂိုး ရလဒ်တွေ ကြည့် တဲ့ ဆော့ဝဲလ်လေးပါ ..
 
 မြန်မာလို ပြောင်းပေးထားတာဖြစ်ပါတယ် ..
လိုအပ်ရင် ပေးပါမယ် ..
ဘာဖြစ်လို့လဲဆိုတော့ ကျွမ်းကျင်လို့လုပ်ထားတာမဟုတ်လို့ပါ..
ဒီ Application လေးက အောက်ကဖုန်းတွေနဲ့  အဆင်ပြေပါတယ်...
ကျန်တာတွေတော့ စမ်းကြည့်ကြပါနော်....
s advance
LG nexus
ဒေါင်းရန်
ကျွန်တော် မျိုးမင်းသန့် စီမှာ တွေ့ လို့ ပြန်ရှယ်လိုက်ပါတယ်
Credit >>>   Myo Minn Thant

Facebook အကောင့်သစ်ဖွင့်တိုင်း Lock လော့ကျကျနေတယ်ဆိုရင်



အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့
တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ် ..
ဒါနဲ့ ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာ
တကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီး
လော့ကျသွားပါတယ် .. ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီး
သူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ် ..


အလုပ်လည်း ရှုပ်သလို .. ရနိုင်မယ်မရနိုင်ဘူးလည်း မသေချာ .. နောက်ထပ် လော့ကျနိုင်ခြေ
ဘယ်လောက်နီးစပ်မစပ်လည်း မသေချာဆိုတော့ .. အကောင့်ဖွင့်ကတည်းက
လော့မကျအောင်ဖွင့်နိုင်မယ် နည်းလမ်းတွေကို အမျိုးမျိုးစမ်းသပ်ကြည့်တော့ ဒီနည်းလေးကို
သွားတွေ့ပါတယ် .. ဒီနည်းလမ်းအတိုင်း အကောင့်သုံးလေးခုကို ဖွင့်ကြည့်တာ အားလုံးအဆင်ပြေပြေနဲ့
အောင်မြင်တာကို တွေ့ရပါတယ် ..အကောင့်သစ်အတွက် ဘာမှမလုပ်ခင်
Browser မှာရှိတဲ့ History တွေ Cookies တွေကို ရှင်းထားလိုက်ပါ   

ပထမဆုံး nolockfacebook@gmail.com ဆိုတဲ့ Gmail အကောင့်အသစ်တစ်ခုဖွင့်လိုက်ပါတယ် ..
ဒီပို့စ်မှာ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်အောင် Gmail အကောင့်သစ်ကိုလည်း Free ဖွင့်ပြထားပါတယ် ..

http://www.k7.net/ မှာ အကောင့်သစ်ဖွင့်ပြီး ဖုန်းနံပါတ်ယူတဲ့နည်းပါ .. အသေးစိပ်ကိုတော့ ဒီပို့စ် မှာ

သွားဖတ်နိုင်ပါတယ် ..

Gmail အကောင့်သစ်ဖွင့်ပြီးဆိုရင် အဲဒီ gmail ကို မပိတ်ပဲ နောက်ထပ် Tab အသစ်နဲ့  Facebook  အကောင့်သစ်စဖွင့်ပါတယ် ..

First name Last name နေရာတွေမှာ အင်္ဂလိပ်နံမည်တွေ ထည့်ပေးပါတယ် .. (ကျွန်တော့်တို့ မြန်မာနံမည်တွေက
အနောက်နိုင်ငံတွေရဲ့ နံ့မည်တွေနဲ့ တည်ဆောက်ပုံမတူလို့ Fake Name အဖြစ် Facebook က ယူဆတတ်လို့ပါ )

ကျန်တဲ့အချက်တွေကိုတော့ တတ်နိုင်သမျှ Email အကောင့်ထဲကအချက်တွေနဲ့ တူအောင် ထည့်ပေးပါ ..
မွေးသက္ကရာဇ်ထည့်တဲ့နေရာမှာ တစ်ခုသတိထားရမှာက လက်ရှိအချိန်ထိ 18 နှစ်နဲ့အထက်ဖြစ်အောင် တွက်ချက်ပြီး ထည့်ပေးပါ .. ( 13 နှစ်ကျော်ရင်လည်း ရပေမယ့် တစ်ခါတစ်ခါ Error တက်တတ်လို့ပါ . )
ကျန်တာတွေကိုတော့ ပုံမှန်အတိုင်းပဲ ထည့်ပေးသွားပါ ..
နိုင်ငံကလည်း လက်ရှိ အဲဒီ Browser ကဖတ်ထားတဲ့ နိုင်ငံ ( မြန်မာနိုင်ငံကဖွင့်တာဆို Myanmar ဆိုတာလေး ပြနေမှာကိုပြောတာ)
ပြီးရင် နောက်တစ်ဆင့်ရောက်တဲ့အခါ .. Find Friends ကို မနှိပ်ပဲ Skip လုပ်လိုက်ပါ ..
( Find Friends လုပ်လိုက်ရင် အခြားသော အကောင့်တွေကို လိုက်ချိတ်တာဖြစ်လို့ Spam ရဲ့ လမ်းကြောင်းနဲ့ သွားတူနေလို့ပါ .. )

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်ပေးရပါမယ် ..
School မှာ အင်္ဂလိပ်လို ကျောင်းတစ်ကျောင်းရိုက်ထည့် အဲဒီအခါ Facebook က သူ့ရဲ့ Database ထဲမှာရှိတဲ့ ကျောင်းကို Result ထုတ်ပေးလာလိမ့်မယ် .. သူဖေါ်ပြလာတဲ့ ကျောင်းတွေထဲကမှ ကိုယ်ကြိုက်တာကို ရွေးနှိပ်လိုက်ပါ .. ( ကိုယ်ထည့်ချင်တာကို ထည့်လိုက်တာမဟုတ်ပါဘူး .. Facebook က သိထားတဲ့ကျောင်းကိုပဲ ရွေးထည့်ပေးလိုက်တာပါ )

University နဲ့ အောက်က အကွက်တွေမှာလည်း ဒီအတိုင်းပဲ .. Facebook က ဖေါ်ပြပေးတဲ့ နံမည်တွေကိုပဲ ရွေးပေးလိုက်ပါ .. ( အဲဒါတွေက နောက်မှ ပြင်လည်းရတယ်လေ )
နောက်တစ်ဆင့်မှတော့ Profile ပုံကို Upload တင်ပေးရမှာပါ .. ဒီအဆင့်ကို မကျော်ပဲ ပုံတစ်ပုံတင်ပေးလိုက်ပါ .. ဒါတွေပြီးလို့ Save and continue ကိုနှိပ်လိုက်ရင်
Friends အပ်ခိုင်းတဲ့ အဆင့်ဝင်လာပါတယ် .. ဒီအဆင့်မှာတော့ သူငယ်ချင်း နှစ်ယောက်လောက်ကို Friend Request လုပ်လိုက်ပါ ....

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Home ကို ရောက်သွားပါမယ် .. အဲဒီမှာ Search Box ထဲကနေ .. ကိုယ့်ရဲ့ တစ်ခြားအကောင့်တစ်ခု ကို ရှာပြီး Add ပါ .. အဲဒီအကောင့်ကိုလည်း စက်တစ်လုံးကနေ Log in ၀င်ထားပြီး  Friend Request လုပ်တာကို ချက်ချင်းပဲ Confirm လုပ်ပေးလိုက်ပါ ..
အဲဒီအဆင့်ပြီးမှ ကိုယ့်ရဲ့ Gmail ကို ပြန်သွားပါ .. ( Facebook ရဲ့ အပေါ်မှာ ပေါ်နေတဲ့ Go to your gmail ကို မနှိပ်ပဲ ဒီအတိုင်းပဲ Gmail tab ကို သွားလိုက်တာပါ )

Gmail ထဲမှာ Facebook ကပို့ပေးလိုက်တဲ့ စာနှစ်စောင်ထဲက ပိုစောတဲ့စာ ( အောက်မှာရှိတဲ့စာ) ကိုဖွင့်ပြီး
Complete Sign Up ကို မနှိပ်ပဲ သူပေးထားတဲ့ လင့်ကိုပဲ နှိပ်လိုက်ပါ ..
နောက်ထပ် Tab အသစ်နဲ့အတူ Facebook ပွင့်လာပါမယ် ..

Email Confirm ဖြစ်တဲ့အကြောင်း တက်လာပြီဆိုရင် အရင် facebook ရဲ့ Tab ကို ပိတ်လိုက်ပါ ..
လက်ရှိရောက်နေတဲ့ Facebook ရဲ့ Home မှာပဲ Status လေးတစ်ခုလောက် ရေးပြီး တင်ပေးလိုက်ပါ ..

ဒါဆိုရင် .. အကောင့်တစ်ခုဟာ လော့မကျပဲ အဆင်ပြေပြေ အောင်မြင်သွားပါပြီ

ဒီနည်းလမ်းတစ်ခုလုံးမှာ ကျွန်တော် အသုံးချသွားတာက Browser တွေမှာ မှတ်သားထားလေ့ရှိတဲ့ Cookies ဆိုင်ရာ သီအိုရီအချို့ပါ .. ( ဒါကြောင့် Tab တွေကို မပိတ်ပဲ ထားခိုင်းတာပါ )

ကျွန်တော်လေ့လာခဲ့တဲ့ဆိုက် >>> အိုင်တီမုဆိုး

gmail အကောင့် free ဖွင့်ကြဦးစို့

ကျွန်တော် ဒီနည်းလမ်းကိုConfirm ဖြစ်ဖို့
 တော်တော်လေးကြိုးစားခဲ့ရသလို Confirm ဖြစ်တဲ့အချိန်မှာလည်း
 ရေးသင့်မရေးသင့် တော်တော်လေးစဉ်းစားခဲ့ပါတယ် .. ဘာကြောင့်လဲဆိုတော့ဒီနည်းလမ်းဟာ
 သေချာပေါက် အောင်မြင်တဲ့နည်းလမ်းတစ်ခုဆိုတာကိုတော့ ကျွန်တော်နမူနာလုပ်ပြထားတဲ့
ပုံတွေကိုက သက်သေခံနေပါလိမ့်မယ် ဒါပေမယ့် ..
ဒီနည်းက ကွန်နက်ရှင် တော်တော်ကောင်းတဲ့ အချိန်မျိုးမှာလုပ်မှ
အဆင်ပြေနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်တဲ့အပြင် .. ကျွန်တော်ကိုယ်တိုင် ဒီအကောင့်တစ်ခုကို ဒီနည်းနဲ့ရဖို့ အကြိမ် သုံးဆယ်ကျော် စမ်းသပ်ခဲ့ရပါတယ် ..သဘောတရားအရ
 သေချာပေါက်ရနိုင်တဲ့နည်းလမ်းဖြစ်မှန်းသိလျက်နဲ့ .. ဒီထဲမှာ နမူနာပြထားတဲ့ အကောင့်လေးတစ်ခုရဖို့ကို အကြိမ်သုံးဆယ်ကျော် လုပ်ကြည့်ခဲ့ရပါတယ် ..
ဘယ်လိုအခက်အခဲတွေကြုံတာလဲဆိုတာကိုတော့ ဒီနည်းလမ်းကို ရှင်းပြနေဆဲမှာပဲ ပြောသွားပါတယ် ..
ဒါကြောင့် .. ဒီနည်းလမ်းကို စမ်းသပ်လို့ အဆင်မပြေတာတွေရှိခဲ့ရင်လည်း ကိုယ့်ညီလေးတစ်ယောက်ရဲ့ သုတေသနပြုညံ့ဖျင်းမှုပဲလို့ နားလည်ပေးစေလိုပါတယ် ..

ကဲ .. ဒီနည်းရဲ့ အကျဉ်းချုပ်ကို အရင်ပြောပါမယ် .. ဒီနည်းကလည်း ကျွန်တော်ရေးခဲ့တဲ့ ပထမနည်းတုန်းကလိုပဲ Website တစ်ခုကနေ နံပါတ်တစ်ခုသွားယူပြီး အကောင့်ဖွင့်မှာပါ .. ဒါပေမယ့် ဒီနည်းမှာတော့ အရင်နည်းလို Google ကို Fake လုပ်တာမဟုတ်ပဲ .. တစ်ကယ် နံပါတ်ကို အသုံးချပြီး အဲဒီနံပါတ်ကို google ကပို့ခဲ့တဲ့ Verification Code ကို ရိုက်ထည့်ပြီးမှ Gmail အကောင့်သစ်တစ်ခု ဖွင့်တဲ့နည်းပါ ..
ဒီနည်းမှာသုံးမယ် Message အမျိုးအစားကတော့ Voice mail ပါ .. google က ချစ်မမကြီးရဲ့ အသံကို ကြားနိုင်မယ့်နည်းပေါ့ ..
ကဲ .. စကြစို့


ပထမဆုံး Browser ရဲ့ Address Bar မှာ http://voicemail.k7.net/signup/ လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ( မရရင် .. အဲဒီစာလုံးမှာ ကျွန်တော် လင့်ချိတ်ပေးထားပါတယ် .. အဲဒါကို နှိပ်လိုက်ရင် အဲဒီ Page ကို တိုက်ရိုက်ရောက်သွားပါမယ် )
အဲဒီိကိုရောက်တဲ့အခါ .. အောက်ကပုံအတိုင်း ဖြည့်ရမယ့်နေရာတွေမှာ အဆင်ပြေသလို ဖြည့်ပေးလိုက်ပါ .
 

ဒီနေရာမှာ email address ကို ကြိုက်တာထည့်ပေးလို့ရပါတယ် .. ကျွန်တော်လုပ်ပြတဲ့ထဲမှာ masteraeiou@gmail.com လို့ ထည့်ပြထားပါတယ် .. (အမှန်အကန် gmail အကောင့်နဲ့ သုံးမယ်ဆိုရင်လည်း ကိုယ့်ရဲ့ gmail address ထည့်ပေးလို့ရပါတယ် .. ဖုန်း အလကားပြောလို့ ရတာပေါ့)နောက်ပြီး gmail အကောင့်တစ်ခုတည်းနဲ့လည်း နံပါတ်တွေကြိုက်သလောက် ယူလို့ရတာကို တွေ့ရပါတယ် ..

security code နေရာမှာတော့ ကြိုက်တဲ့ဂဏန်း လေးလုံး ရိုက်ထည့်ပေးပါ .. (လေးလုံးပဲ ဖြစ်ရပါမယ်)

ကိုယ်ပိုင်နံပါတ်အဖြစ်သုံးချင်လို့ gmail address ကို အမှန်အကန်ဖြည့်မယ့်ဆိုရင် အပေါ်ဆုံးမှာ မှတ်ထားတဲ့ ဒုတိယစာကြောင်းက အမှတ်အစား ပထမစာကြောင်း  Send my messages to me email and .. ဆိုတဲ့စာကြောင်းရှေ့မှာ အမှတ်တပ်ပေးရမှာပါ (ကျွန်တော်က ကိုယ်ပိုင် gmail လိပ်စာထည့်ထားတာမဟုတ်လို့ ဒုတိယစာကြောင်း Do not send them to my email ... ဆိုတဲ့စာကြောင်းရှေ့မှာ အမှတ်တပ်လိုက်တာပါ ..

ကျန်တဲ့နေရာတွေကတော့ ပုံမှာပြထားတဲ့အတိုင်းပဲ တပ်ပေးလိုက်ပါ ..ဘာကြောင့်ဆိုတာကိုတော့ သက်ဆိုင်ရာစာကြောင်းတွေကို ဖတ်ကြည့်ရင် သဘောပေါက်မှာပါ ..

သူရေးခိုင်းတဲ့ စာလုံးနှစ်လုံးကို မှန်အောင်ရိုက်ထည့်ပြီး Submit ကိုနှိပ်လိုက်ရင် အောက်ကအတိုင်း ပွင့်သွားပါမယ်............





အဲဒီထဲကကျွန်တော် အနီရောင်နဲ့ မျဉ်းသားပြထားတဲ့နံပါတ်တွေကို Select ပေးပြီး ကော်ပီယူပါ (နောက်ကို ကိုယ့်ရဲ့ ဒီအကောင့်ထဲပြန်ဝင်ချင်ရင် အဲဒီနံပါတ်တွေထဲက Hyphen (မျဉ်းတို) လေးတွေကိုဖြုတ်ပြီး ဂဏန်းချည်းပဲရိုက်ထည့် .. ကိုယ့်ထည့်ထားတဲ့ Security code လေးလုံးကို ရိုက်ထည့်ပြီး Sign In ၀င်ရမှာပါ)
ကဲ .. ကော်ပီကူးလာတဲ့ နံပါတ်တွေကို Notepad လေးဖွင့်ပြီး Paste လုပ် .. ပြီးရင် အဲဒီနံပါတ်တွေကို အောက်မှာပြထားသလို အသွင်ပြောင်းလိုက်ပါ ..
အဲဒါ .. United States က ဖုန်းနံပါတ်တစ်ခု ဖြစ်သွားရော .. အဲဒီ အသွင်ပြောင်းလိုက်တဲ့ နံပါတ်ကို ကော်ပီကူးယူလိုက်ပါ ..

  အကောင့်ကို Sign In ၀င်ဖို့ အပေါ်ဆုံးမှာ ရှိတဲ့ My K7 ဆိုတာကိုနှိပ်လိုက်ပါ ..
ပွင့်လာတဲ့ထဲက ဖြည့်ရမယ့်နေရာမှာ အောက်ကပုံအတိုင်း ကိုယ့်ရဲ့နံပါတ်တွေကို Hyphen တွေဖြုတ်ပြီး ဂဏန်းတွေချည်းပဲထည့် Security code နေရာမှာ ကိုယ်ထည့်ခဲ့တဲ့ ဂဏန်းလေးလုံးကို ဖြည့်ပေးပြီး submit ကိုနှိပ်လိုက်ပါ..
လောလောဆည် ကိုယ့်အကောင့်ထဲမှာ ဘာ Mail မှ မရှိသေးလို့ အခုလိုပဲ မြင်ရပါမယ်
Browser မှာ Tab အသစ်ခေါ်ပြီး www.gmail.com ကို အကောင့်ဖွင့်သလိုပဲ သွားပြီး Create a new account ကိုနှိပ်ပါမယ် ..
အကောင့်သစ်အတွက် ဖြည့်ရမယ်နေရာတွေကို အတတ်နိုင်ဆုံး အမှားအယွင်းမရှိအောင် ဖြည့်ပေးပါ ..
mobile phone ထည့်ရမယ့်နေရာမှာ နိုင်ငံကို United States ကိုရွေးပြီး +1 ရဲ့ နောက်မှာ ကော်ပီကူးလာတဲ့ နံပါတ်တွေကို Paste လုပ်လိုက်ပါ .. Location နေရာမှာလည်း United States ကိုရွေးပြီး သူရိုက်ခိုင်းတဲ့ စာလုံးနှစ်လုံးကိုမှန်အောင်ရိုက်ထည့်ပါ .. I agree ...ရဲ့ရှေ့မှာ အမှန်ခြစ်တပ်ပါ .. အားလုံးကို သေချာအောင် ပြန်စစ်ပြီးပြီဆိုရင် Next Step ကိုနှပ်လိုက်ပါ .
(ဒီနေရာမှာ အမှားအယွင်းမရှိအောင်လည်း ဖြည့်နိုင်ခဲ့မယ် .. ကံလေးလည်းကောင်းမယ်ဆိုရင် Verification code တောင်းတဲ့အဆင့်ကို ကျော်လွန်ပြီး အကောင့်သစ်တစ်ခု တစ်ခါတည်း ရသွားပါမယ် )
ရသွားရင်လည်း နောက်ထပ်တစ်ခုထပ်လုပ်ဖို့ ပြင်တာပေါ့ .. မရရင်လည်း အောက်ကအဆင့်ကို ရောက်လာပါမယ် ..

 အဲဒီအဆင့်မှာ Voice mail ရဲ့ရှေ့မှာ အမှတ်တပ်ပေးပြီး Continue ကိုနှိပ်လိုက်ရင်ကုဒ်ထည့်ရမယ့် အဆင့်ကိုရောက်ပါမယ်
ဒီအဆင့်မှာ သူ့ကို ခဏထားခဲ့ပြီး K7 အကောင့်ဖက်ကို ပြန်သွားပါမယ် .. အဲဒီမှာ  5 မိနစ်လောက်   စောင့်ပေးလိုက်ပါ .. My K7 ကိုနှိပ် .. Sign In ၀င်တဲ့အဆင့်အတိုင်းဖြစ်သွားပြီး ကိုယ့်ရဲ့ နံပါတ်ချည်းပဲ ( Hyphen မပါပဲ ) ရိုက်ထည့် .. Security code လေးလုံးကို ရိုက်ထည့်ပြီး Submit ကိုနှိပ် .. ကိုယ့်မေးထဲမှာ ဘာမှမရောက်သေးရင် .. gmail ကိုပြန်သွားပြီး Try again ကိုပြန်နှိပ် Voice mail မှာ အမှတ်တပ် Continue ကိုနှိပ် K7 ကိုပြန်လာ အရင်အဆင့်တွေအတိုင်းပဲ My K7 ကနေ ကိုယ့်အကောင့်ကိုဝင် (စိတ်ရှည်ရှည်စောင့်ရင် ပထမတစ်ကြိမ်တည်းနဲ့ ကိုယ့် K7 အကောင့်ထဲကို Google ကိုပို့တဲ့ Voice Mail ရောက်ပါတယ် .. )
ကိုယ့်မေးလ်ထဲမှာ google က Voice Mail ရောက်နေပြီဆိုရင်တော့ အောက်ကပုံအတိုင်း တွေ့ရပါလိမ့်မယ် ..

အဲဒီထဲက Voice Mail ရဲ့ Size ကိုကြည့်လိုက်ပါ .. ပျမ်းမျှအားဖြင့် 30KB နဲ့ 45KB အတွင်းမဟုတ်ပဲ အဲဒီထက်နည်းနေမယ်ဆိုရင် ဒေတာအပြည့်အ၀ မရောက်လို့ပါ ..
ဒီနည်းလမ်းရဲ့ အဓိက ပြဿနာက အဲဒါပါ .. ကွန်နက်ရှင်ကြောင့် ဒေတာတွေ အပြည့်မရောက်ပဲ google က ပို့လိုက်တဲ့ နံပါတ်ကို 6 လုံးလုံး အပြည့် မရလိုက်တဲ့အတွက် Verification code ဖြည့်တဲ့နေရာမှာတင် လက်လျှော့လိုက်ရတဲ့အကြိမ်တွေ မနည်းမနော ဖြစ်သွားတာပါ .. ကွန်နက်ရှင်ကောင်းနေရင်တော့ သေချာပေါက် အဆင်ပြေမှာပါ ..
ကဲ .. အဲဒီထဲက Save to Disk ကိုနှိပ်လိုက်ရင် အသံဖိုင်ကို ဒေါင်းယူပြီး သိမ်းဖို့ပါ .. Message ရဲ့အောက်က လင့်ကိုနှိပ်လိုက်ရင်လည်း အသံဖိုင်ကို ဒေါင်းသွားမှာပါ ..
ကဲ .. ရလာတဲ့အသံဖိုင်ကိုဖွင့်ပြီး နားထောင်လိုက်ပါ .. google က ချစ်မမကြီးရဲ့ အသံချိုချိုလေးကို ကြားရပါမယ် .. သာယာမနေပါနဲ့ နံပါတ်တွေကို လိုက်မှတ်ပါ .. အားလုံးပေါင်း 6 လုံးဖြစ်ရပါမယ် .. ဒီနေရာမှာ 6 လုံးမပြည့်ပဲ .. ပြတ်တောက်သွားတယ်ဆိုရင်တော့ ကိုယ့်နိုင်ငံက ကွန်နက်ရှင်ကိုသာ အော်ဆဲပေတော့ဗျို့ .. ( ကျွန်တော်တောင် အကြိမ် သုံးဆယ်ကျော်မှရတာလို့ ပြောပြီးပြီနော် .. )
ကဲ .. ရလာတဲ့ ကုဒ် 6 လုံးကို အောက်မှာပြထားသလို ဖြည့်ပေးလိုက်ပါ ..

ပြီးရင် Continue ကိုနှိပ်လိုက်ပါ ..




 အောင်မြင်သွားပါပြီ ..
ကဲ .. အားလုံးပဲ .. အဆင်ပြေကြပါစေဗျာ

 ကျွန်တော်လေ့လာခဲ့တဲ့ဆိုက် >>> အိုင်တီမုဆိုး







Related Posts Plugin for WordPress, Blogger...

ပြောချင်တာလေးများရှိရင် ပြောထားခဲ့ပါ

ရွှေမန်းသား လေးစီ G-mail ကနေစာပို့ မယ်

foxyform