မင်္ဂလာပါ

ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ..ရွှေမန်းသား

Sunday, May 5, 2013

ROM ဆိုတာ ဘာလဲ။ RAM ဆိုတာ ဘာလဲ။

ဒီအကြောင်းလေးကို ရေးသင့်တယ် ထင်လို့ နည်းနည်းလေး လျှာရှည်လိုက်အုံးမယ်နော်။
ROM ဆိုတာ ဘာလဲ???
ဟုတ်ပါပြီ။ ROM ဆိုတာက Read Only Memory လို့ အရှည်ခေါ်ပါတယ်။ဟုတ်ပြီ...ဘာကြီးဒုံး။
Memory ဆိုမှတော့ Stroage နေရာ တစ်ခုပါပဲ။ တစ်ခုတော့ ရှိပါတယ်။ သူဟာ Read Only ပါ။
ဒီလို ဆိုတော့ Read နဲ့ Write ကို ထပ်ရှင်းရမယ် ဆိုပါတော့နော်။


Read / Write ဆိုတာက Computer အသုံးမှာ Input / Output ကို ဆိုလိုပါတယ်။
Read ဆိုတာက Output ။ Write ဆိုတာက Input ပေါ့နော်။



ဒါဆို ဆက်မယ်နော်။ Read Only Memory ဆိုတာက သူထဲက နေ User ကို Output အနေနဲ့သာ မြင်ခွင့်တွေ့ခွင်ပေးမှာပါ။
ကဲ ထားတော့ RAM က Radom Access Memory ပါ။ သူကလည်း Memory ပဲနော်။ ဒါဆိုဘာကွာသလဲ။
လူပြိန်းနည်းနဲ့ ကျွန်တော်သိထားသလိုလေးပဲ ရှင်းမယ်နော်။ (ဟီး ဘာမှတော့ ဟုတ်ဘူး။ ကိုယ့်တစ်ယောက် ပြိန်းနေတာ အားငယ်လို့ အကုန်လုံးကို ဆွဲထည့်လိုက်တာ :P ) 
ကဲ သင်လေချာလေ ဆိုတဲ့ သင်္ချာပုစ္ဆာတစ်ပုဒ်ကို တွက်မယ်ဗျာ။ 
ကျွန်တော်တို့ ပုစ္ဆာတစ်ပုဒ်ကို အဖြေမှန်မထွက်ခင်လေးမှာ လက်က ချတွက်ခဲ့တဲ့ အကြမ်းစာရွက်။
နောက် အဖြေမှန်ကို တိတိကျကျ ရေးလိုက်တဲ့ အဖြေလွှာ။
သူတို့နှစ်ခုလုံဟာစာရွက်တော့ စာရွက်ပဲ။ တူသလား???
မတူဘူးနော်။ ဒီတော့ ဆက်မယ်။ 
RAM ဆိုတာက စောနက ချတွက်တဲ့ အကြမ်းစာရွက်နဲ့ သဘောတူပါတယ်။ တွက်တဲ့ချက်တဲ့ လုပ်ငန်းစဉ်လုပ်နေစဉ်အတွင်းမှာအလုပ်လုပ်တယ်။
ROM ကတော့ ချရေးလိုက်တဲ့ အဖြေလွှာနဲ့ သဘောတူတယ်လို့ပဲ ဆိုတော့မယ်နော်။ 
(ဒီနေရာမှာ ခြွင်းချက်လေး တစ်ခုတော့ ထားလိုက်အုံးမယ်နော်။ အဖြေလွှာ ဆိုပါဆို့။ စာစစ်မယ့်သူ(သက်ဆိုင်တဲ့သူ)က ဖတ်ရုံပဲဖတ်ရပါတယ်။ 
ပြင်ဆင်တာတွေ ဘာတွေ လုပ်လို့ မရပါဘူး။ အဲဒီသဘောအနေနဲ့ Read Only လို့ ဆိုလိုက်တာပါ။ 
ဆိုပါတော့ ဖြေဆိုသူဘက်က ကြည့်မယ် ဆိုရင်တော့ Write ပါ လုပ်လို့ ရပါတယ်နော်။ 
တော်ကြာ ReadOnly လည်း ဆိုသေး Firmware တင်တာတွေ ဘာတွေကိုကျတော့ Software ရေးတယ်လို့ ဘာလို့ ခေါ်တာလဲ လုပ်နေမှာဆိုးလို့)
ဟီး....ကိုယ့်ဘာသာ ပြန်ဖတ်တာတောင် ရှုပ်နေတယ်။ နားလည်သလားတော့ မသိဘူး။ 
ဒီတော့ဘာတွေ ဘယ်လို ဖြစ်ကြသလဲ။ ROMနဲ့ RAM ဟာ Stroageတွေ ဖြစ်သည့်အတွက် byte နဲ့ တိုင်းတာကြပါတယ်။
ဒီမှာ ကြုံတုံးလေး လျှာရှည်ပါရစေနော်။
ကွန်ပြူတာ လို့သာ ခေါ်လိုက်တယ်။ Digital ပစ္စည်းတိုင်းဟာ 0 1 ဆိုတဲ့ Digit နှစ်လုံးနဲ့ အလုပ်လုပ်ပါတယ်။
0 သို့မဟုတ် 1 digit တစ်လုံးဟာ 1bit ရှိပါတယ်။
ဒီတော့
0 or 1 digit          = 1 bit (b)
8 bit                  = 1byte (B)
1024 bytes         = 1 kilobyte (KB)
1024 kilobytes     = 1 Megabyte (MB)
1024 Megabytes  = 1 Gigabyte (GB)
1024 Gigabytes   = 1 Terabyte (TB) ဆိုပြီး သတ်မှတ်ပါတယ်။ 
ဒါပေမယ့် လက်တွေ့ အများစုအားဖြင့်တော့ 1024 အစား တွက်ရပြုရလွယ်အောင် 1000 ကိုသာ အလွယ်သုံးကြပါတယ်။

ဒါက bit byte တွေကို ဘာတွေဒုံး ဖြစ်နေမှာ စိုးလို့ ရှင်းတာပါ။ Memory Device တွေကို bytes ကို အခြေခံပြီး GB(Gigabytes) နဲ့ သတ်မှတ်ကြပါတယ်နော်။
ဒီတော့ ROM များရင် Stroage နေရာ များများ ရပါတယ်။ များများ ဆံ့တယ်ပေါ့ဗျာ။
RAM များရင်တော့ ပိုပြီးသွက်လက်မြန်ဆန်ပါမယ်။ ဘာလို့ဆိုတော့ Ram ဆိုတာ အပေါ်မှာဆိုခဲ့သလို လုပ်ငန်း လုပ်ဆောင်နေစဉ်အတွင်း သုံးတဲ့ memory မလို့ပါ။
ဒီနှစ်ခုကို အများစုက သဘောပေါက်လွဲပြီး မှားယွင်းစွာ ယူဆနေကြတာကို တွေ့ရပါတယ်။
ဒီတော့ အခု ဒီမတတ်တစ်ခေါက်လေးကို ဖတ်ပြီး အနည်းငယ်လေး ယောင်ဝါးဝါး ဖြစ်တယ်ဆိုတောင်မှပဲ ကျေနပ်ပါတယ်။
အနော်လည်း ကွန်ပြူတာကျောင်းဆင်းမလို့လားမသိဘူး။ ကွန်ပြူတာနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေဆို 
ကိုယ့်ဘာသာကို ဂျာအေးကို သူ့အမေတင်မကဘူး ဘကြီးပါ လိုက်ရိုက်နေတယ်။ :P

ရှင်းလက်စနဲ့တော့ CPU ဆိုတာကိုပါ တစ်ခါတည်းရှင်းလိုက်တော့မယ်။လည်နေတာချင်းတူတူတော့ နည်းနည်း ထပ်မွှေလိုက်တာပေါ့နော်။
CPU- Procceser လို့လည်း ခေါ်တယ်ဗျ။ Central Proccesing Unit ပါ။ ကွန်ပြူတာရဲ့ ဦးနှောက်၊အသက်သွေးကြော၊ နှလုံးလို့လည်း တင်စားကြပါတယ်။
သူက ဘာလုပ်သလဲ ဆိုတော့ မူရင်း Computing လို့ ခေါ်တဲ့ တွက်ချက်မှုအားလုံးကို လုပ်ဆောင်ဖို့ ညွှန်ကြားတဲ့ နေရာပဲ ဖြစ်ပါတယ်။
သူ့ကိုကျတော့ ဘာနဲ့ တိုင်းတာသလဲ ဆိုတော့ Hz လို့ ခေါ်တဲ့ ကြိမ်နှုန်းရေနဲ့ အမြန်နှုန်းကို တိုင်းတာပါတယ်။ 
တစ်စက္ကန့်မှာ လုပ်နိုင်တဲ့ ကြိမ်နှုန်းရေနဲ့ တိုင်းတာပြီး GHz/s နဲ့ သတ်မှတ်ပေမယ့်လည်းအလွယ် GHz နဲ့သာ သုံးနှုန်းကြပါတယ်။
နားလည်လွယ်အောင် လူတစ်ယောက်ဟာ ပုစ္ဆာတစ်ပုဒ်ကို ဘယ်လောက် မြန်မြန် တွက်ချက်နိုင်သလဲ ဆိုတာကို မူတည်ပြီး ဥာဏ်ကောင်းတယ် မကောင်းဘူး ဆိုတာကို သတ်မှတ်သလိုပဲပေါ့နော်။
ဆိုခဲ့သလို CPU speed ကို ကြိမ်နှုန်း ဆိုတော့ နဂို ကြိမ်နှုန်းထက် ပိုမို မြင့်တင်လုပ်ဆောင်ဖို့ ကြိုးစားကြပါတယ်။
Overclock လုပ်တယ်လို့ ခေါ်ကြတယ်။ သဘောကတော့ စောနက CPU ကို တစ်စက္ကန့်ပေါ်မှာ မူတည်ပြီးတွက်တယ်။ အဲတော့ နာရီအချိန်ပေါ်မှာ မူတည်တယ်ပေါ့။
ဒီတော့ နာရီ ဆိုတာ ဘယ်လိုသွားသလဲ။ အချိန်မှားနေရင်တောင်ပဲ ဖြစ်ဖြစ်ပေါ့ တစ်စက္ကန့်နဲ့ တစ်စက္ကန့်ကြာ ကြာချိန်ဟာ တူပါတယ်။ 
ဒီတော့ သဘောက အဲဒီ ကြာချိန်ကို ပိုပြီး မြန်အောင် ကြိုးစားလိုက်တယ်လို့ သဘော တင်စားပြီး OverClocking ဆိုတဲ့ စကားလုံး သုံးခဲ့ကြတယ်ပေါ့ဗျာ။

ကဲ ဟုတ်ပါပြီး Overclocking ကို ဘာကြောင့်လုပ်လဲ? ဘယ်လို ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိသလဲ။
လူတစ်ယောက်ဟာ ပုံမှန် အလုပ်ထက် နှစ်ဆတိုးပြီး လုပ်တယ် ဆိုပါဆို့။ ဘာတွေ ဖြစ်သလဲ။ 
အားပိုကုန်တယ်။ ဒီတော့ ရှင်းရှင်းလေး စက်ပစ္စည်းမှာ ဆိုတော့ Energy ပိုကုန်တယ်။ 
လူအတွက်ကတော့ Energy ဖြစ်ဖို့က အစားအစာ။ စက်ပစ္စည်းမှာကျတော့ ဘတ္ထရီပေါ့။ ပိုစားသုံးတယ်ပေါ့ဗျာ။
ပုံမှန်ထက် ပိုအလုပ်လုပ်တော့ အလုပ်ပို မပြီးဘူးလား။ ပြီးတာပေါ့။ စက်ပစ္စည်းမှာ ဆိုတော့ ပိုပြီး မြန်လာမယ်ပေါ့။မြန်မယ် ဆိုတာက ဘာလုပ်လုပ် မြန်တယ်လို့ ဆိုလိုတာ ဟုတ်ဘူးနော်။ စက်ပစ္စည်းဆိုတာက လုပ်ဆောင်ချက် တစ်ခုချင်းလေးတွေ စုပေါင်းပြီး Project တစ်ခု ဖြစ်လာတာပါ။
ဆိုပါစို့ ကွန်ပြူတာပေါ့နော်။ ဂိမ်းတစ်ခု ဖွင့်မယ်။ ပွင့်လာဖို့ ဘာတွေ လိုအပ်မလဲ။ Graphic လို့ခေါ်တဲ့ pixel လေးတွေ ပေါင်းစပ်ထားတဲ့ မျက်စိနဲ့ မြင်ရတဲ့ ပုံရိပ်တွေ။ နောက်ပိုင်းထဲက CPU ကနေ Game ရဲ့ Program တွေကို ဖတ်ပြီး User ကို output ထုတ်ပေးတယ်။ နောက် User ကနေ input ပြန်သွင်းတဲ့ Keyboard Mouse စတာကနေ Command တွေကို ယူတယ်။ နောက် အဲဒီ Command ဆိုရင် ဘာလုပ်ရမလဲ ဆိုပြီး Program နဲ့ စစ်။ Output ပြန်ထုတ်။ ကဲ ဘယ်လာက် ရှုပ်သလဲ ။ အဲလို လုပ်ဆောင်မှုတွေ ပိုမို မြန်ဆန်လာမယ် လို့ ဆိုလိုတာပါ။
ထားပါတော့ ပုံမှန်ထက် ပိုလုပ်တယ်။ အထုတ်တစ်ခုထမ်းနေရာကနေ ဗြုန်းစားကြီး နှစ်ထုတ်ဆင့် ထမ်းတယ် ဆိုပါဆို့။ ခါးတွေ ဘာတွေ မျက်နိုင်တယ်။ အခု မဖြစ်သေးလည်း အသက်ကြီးရင် ခါးက ဒုက္ခ ပေးတော့မယ်။
ကဲ စက်ပစ္စည်း တစ်လုံးမှာ ဆိုရင်ကော စဉ်းစားသာ ကြည့်တော့ပေါ့နော်။ ကောင်းတယ် မကောင်းဘူး ဆိုတာထက်။ ကိုယ့်အတွက် အသုံးဝင်၊ မ၀င် ကိုသာ မူတည်ပြီး ဆုံးဖြတ်ပြီး လုပ်ကြပါ လို့ပဲ အကြံပေးလိုက်ပါမယ်နော်။
သူများတွေ မြန်တယ် မြန်တယ် ဆိုတိုင်း လိုက်မြန်ချင်နေကြတာတွေ အများကြီး တွေ့နေလို့ပါ။
ဒါလေးနဲ့ ဒီဟာက ဒီလိုကိုး ဆိုတာလေးလောက်ပဲ သိသွားတယ်ဆိုရင် ဟန်လေးတစ်ယောက် ၀မ်းသာလုံး ဆို့ပြီဗျာ။

ရေးသားသူ Hanlay

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ပြောချင်တာလေးများရှိရင် ပြောထားခဲ့ပါ

ရွှေမန်းသား လေးစီ G-mail ကနေစာပို့ မယ်

foxyform