မင်္ဂလာပါ

ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ..ရွှေမန်းသား

Friday, May 3, 2013

Android သမားတွေ အတွက် Facebook က ဓါတ်ပုံ ၊ ဗွီဒီယို တွေ ကို ဒေါင်းနိုင် မဲ့ Browser

Android သမားတွေ အတွက် ဖေ့ဘွတ်က ဓါတ်ပုံ ၊ ဗွီဒီယို တွေ ကို ဒေါင်းနိုင် မဲ့ ဘရိုဇာလေး တစ်ခု နဲ့  ထပ်ပြီး မိတ်ဆက်ပေးပါ့မယ် ။ 
တခြားဆိုဒ်တော်တော်များများမှာ တင်ထားတဲ့ ဗွီဒီယို တွေပါ ဒေါင်းယူနိုင်ပါတယ်။

အဲ့ Browser က Oprea Mini Browser ပါ။ သုံးရတာလည်း မြန်ပါတယ်။ဖိုင်ဆိုဒ်လည်းသေးတယ်။ စမ်းသာသုံးကြည့်ပါ။ဖိုင်ဆိုဒ်က 0.89MB ပဲရှိပါတယ်။ လိုအပ်ရင် အောက်က လင့်နှစ်ခုက ကြိုက်ရာလင့်ကနေသွားပြီးဒေါင်းလိုက်ပါ။

 


MediaFire

Dropbox  

 အသုံးပြုပုံလေး နည်းနည်းလောက် ရှင်းပြပါ့မယ်

ပထမဦးဆုံး ဒေါင်းထားတဲ့ Oprea mini Browser apk ဖိုင်လေးကို ဖုန်းထဲထည့်ပြီး Install လုပ်ပါ။

Welcome to Opera min 7.5! ဆိုပြီး ဘောက်တစ်ခုကျလာပါလိမ့်မယ်။
အောက်ခြေ ဘယ်ဖက်မှာရှိတဲ့ Accept ကိုနှိပ်ပြီး ဆက်သွားပါ။

နောက်ထပ် Box တစ်ခုပေါ်လာရင် Enter address ဆိုတဲ့ Box ထဲမှာ http://facebook .com လို့ ရိုက်ပြီး အောက်ခြေ Keypad က Go ကို နှိပ်ပြီးဆက်သွားလိုက်ပါ။

ဖေ့ဘွတ် စာမျက်နှာရောက်သွားပါလိမ့်မယ်။
မိမိဖေ့ဘွတ် အီးမေးလ် နှင့် ပက်စ်ဝက်ရိုက်ထည့်ပြီး Log in ဝင်လိုက်ပါ။
ပက်စ်ဝက်ကို Save မှာလား မေးတဲ့ Box တစ်ခု ကျလာပါလိမ့်မယ်။ မိမိနှစ်သက်သလို Yes or No ရွေးပေးပြီး ဆက်သွားပါ။

ဒါဆို မိမိဖေ့ဘွတ် စာမျက်နှာ Home ကို ရောက်ပါပြီ။

မိမိ ဒေါင်းယူချင်တဲ့ ပုံကို ရွေးပါ/ရှာပါ။ တွေ့ ရင် ပုံကို လက်နဲ့  ဖိလိုက်ပါ/ကလစ်လိုက်ပါ။

နောက်ထပ် Tab တစ်ခုရောက်သွားပါလိမ့်မည်။ မိမိဒေါင်းလိုက်တဲ့ပုံ အောက်ခြေနား (ကွန်မက် ပေးတဲ့ အပေါ်နား) ကိုကြည့်ပါ။ View Full Size ကို ကလစ်ပါ/ လက်နဲ့  နှိပ်လိုက်ပါ။

Download File ဆိုပြီး Box တစ်ခု ကျလာပါလိမ့်မယ်။ Save ကိုနှိပ်လိုက်ပါ။

ဒေါင်းပြီး သွားရင် Open ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ Dimiss က တော့ မကြည့်သေးဖူးပေါ့ :) ....မိမိ ဒေါင်းထားတဲ့ ဓါတ်ပုံ တွေကို ဖုန်းမန်မိုရီကဒ် ထဲက Download Folder မှာ Save ပေးထားပါတယ်။

ဗွီဒီယို ဒေါင်းချင်လျှင်လည်း အတူတူပါပဲ ဓါတ်ပုံ ဒေါင်းတာနဲ့ .....

မိမိဒေါင်းချင်တဲ့ ဗွီဒီယို ဖိုင်ပေါ်ကို လက်နဲ့ ဖိ လိုက်...Download File ဟူသော Box ကျလာလျှင် Save ....

ကျွန်တော် အသုံးပြုပုံ ရှင်းပြတာက ဖေ့ဘွတ် အတွက်ပဲ ဖြစ်ပါတယ်။ ကျန်တဲ့ ဆိုဒ်တွေက ဒေါင်းယူချင်လျှင်လည်း အတူတူပါပဲ ။

ဒီဘရိုဇာက Youtube က ဗွီဒီယို တွေ တော့ ဒေါင်းလော့မလုပ်နိုင်ပါဖူး ခင်ဗျာ။

အခု ကျွန်တော် ရှင်းပြထားတဲ့ ဖေ့ဘွတ်က ဓါတ်ပုံ၊ဗွီဒီယို ဒေါင်းတာကို မရှင်းလျှင် ပုံမှာ ကြည့်ပေးပါ။ပုံမှာကြည့်လို့  မရှင်းသေးလျှင် ကွန်မက်ချန်ခဲ့ပေးပါ။

ကျွန်တော်နားလည်သလို ရှင်းပြထားတာ ဖြစ်တဲ့ အတွက် အမှားအယွင်းပါလျှင်လည်း ခွင့်လွှတ် နားလည်ပေးပါလို့  ပန်ကြားရင်....

 
 ကျွန်တော် ဒီနေရာ လေးကနေမလာပါတယ်



မူရင်း ဆိုက်က ဒီကနေ သွားပါ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ပြောချင်တာလေးများရှိရင် ပြောထားခဲ့ပါ

ရွှေမန်းသား လေးစီ G-mail ကနေစာပို့ မယ်

foxyform