မင်္ဂလာပါ

ရောက်လာသူ မိတ်သဟာအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ..ရွှေမန်းသား

Sunday, May 5, 2013

CWM ဆို တာ ဘာလဲ ဆိုတာလေးပါ





CWM ဆိုတာလည်း Recovery အမျိုးအစားတစ်ခုပါပဲဗျာ။


အဲလိုဆိုတော့ Recvoery ကို စရှင်းမယ်နော်။
Recovery ဆိုတာမှာ နှစ်မျိုးရှိပါတယ်။
Stock Recovery နဲ့ CWM လို့ခေါ်တဲ့ Clockwork Mode Recoveryဆိုပြီး ရှိပါတယ်။ Recovery ဆိုတာက Service Mode တစ်ခုပေါ့။
သူက ဘာတွေ လုပ်လို့ ရသလဲ ဆိုတော့ update လုပ်လို့ ရမယ်။ cache တွေ ရှင်းလို့ ရမယ်။ backup/restore စတာတွေ လုပ်လို့ ရတယ်။ ပြောရရင် အသုံးဝင်တဲ့ Mode တစ်မျိုးပေါ့။
အဲတော့ Stock နဲ့ CWM နဲ့ ဘာကွာသလဲ?
Stock Recovery ဆိုတာက Official firmware မှာ နဂို builtin ပါလာတဲ့ ကောင်ပါ။ Official ဆိုသည့်အတွက် developer ကနေ framework နဲ့ လုံးဝကို ကိုက်ညီအောင် ထုတ်လုပ်ထားတယ်ဟာပေါ့။ အဲဒီတော့ အကောင်းဆုံးလို့ ဆိုလို့ ရပါတယ်။ ဒါပေမယ့် သူမှာက function က အစုံမပါဘူးပေါ့ဗျာ။ official ကိုသာ update လုပ်ခွင့်ပေးတယ်။ နောက်ထပ်ကျတော့ factory reset စတာတွေလောက်ပဲ သုံးလို့ရပါတယ်။
CWM ဆိုတာကကျတော့ အမှန်တကယ်က CWM လို့ ကျွန်တော်တို့ ဘာလို့ ခေါ်ကြသလဲဆိုတော့ ဟိုးအရင်က recovery ကို ထုတ်တာမှာ ClockWork Mode ဆိုတာ တစ်မျိုးပဲ ရှိလို့ ခေါ်ရင်းခေါ်ရင်းနဲ့ နောက်ပိုင်းက ဟာတွေကော အားလုံးကို သိမ်းကြုံးပြီး CWM လို့ အလွယ်ခေါ်လိုက်ကြတော့တာပါ။
သူက ဘာလဲဆိုတော့ Custom Recvoery ပါပဲ တင်မယ့် firmware ရဲ့ framework ပေါ်မှာ အခြေခံပြီး Modify လုပ်ထားတဲ့ သဘောပါပဲ။
သူ့မှာကျတော့ function အစုံ သုံးလို့ ရတယ်။ Custom Rom တွေ တင်လို့ ရတယ်။ Rom တစ်ခုလုံးကို backup ယူခွင့် ရတယ်။ စတာတွေပေါ့...
အများကြီး သုံးလို့ ရတယ်။
ဆိုးကျိုးက ဘာထွက်လဲဆိုတော့ Official Firmware ကို Support မလုပ်နိုင်တော့တာတွေ ဖြစ်နိုင်တယ်။ အများအားဖြင့်တော့ မဖြစ်ပါဘူး။
ကဲ ဒါပါပဲ။
မှတ်ချက်။ ။ ကျွန်တော် သိသလောက်လေး ကို လျှာရှည်ထားတာပါ။
မှားနေတာတွေလည်းပါပါလိမ့်မယ် ဘာလို့လည်းဆိုတော့ ကျွန်တော်က ဥာဏ်တုံးတယ်၊ နောက်ပြီး နားလည်နိုင်မှုအားလည်း နည်းပါတယ်။
သို့အတွက် မှားနေတာလေးတွေကို အမှန်ပြင်ပေးကြဖို့လည်း တတ်သိနားလည်သော ဆရာများကို တောင်းပန်ပါတယ်ခင်ဗျာ။
ကိုဟန်လေးကိုကျေးဇူးတင်ပါတယ်

ဒီနေရာ  လေးကနေပြန်လည်မျှဝေလိုက်တာပါ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ပြောချင်တာလေးများရှိရင် ပြောထားခဲ့ပါ

ရွှေမန်းသား လေးစီ G-mail ကနေစာပို့ မယ်

foxyform